အားလုံးပဲ မင်္ဂလာပါ။ ကိုယ်အလေးချိန်တက်လာလို့ လေ့ကျင့်ခန်းလုပ်နေပါတယ်ဆိုမှ ဝိတ်မကျဘူးဆိုပြီး ပျိုမေလေးတွေ ငြီးကြတာကို ကြားဖူးနားဝရှိပါလိမ့်မယ်။ စာဖတ်သူ ပျိုမေလေးကိုယ်တိုင်လည်း အဲ့ဒီလိုစိတ်ညစ်ရတဲ့သူတွေထဲက တစ်ယောက်ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

လေ့ကျင့်ခန်း မှန်မှန်ပြုလုပ်နေပေမယ့်လည်း ကိုယ်အလေးချိန်မကျတာကတော့ ပြုလုပ်ပုံနည်းစနစ်မှားယွင်းတာကြောင့်လည်း ပါ ပါတယ်။ ဒါဆိုရင် လေ့ကျင့်ခန်းပြုလုပ်တဲ့အခါ ရှောင်ကြဉ်ရမယ့် အချက်လေးတွေက ဘာများဖြစ်မလဲ။

အနေအထားမမှန်ခြင်း

Photo Source: Brightside.me

သင်က Gym မှာ အခုမှ သွားဆော့တဲ့ အသစ်စက်စက်မန်ဘာဝင်တစ်ယောက်ဆိုရင် မှန်ကန်တဲ့အနေအထားကို သေချာလေ့လာသင်ယူဖို့ လိုအပ်ပါတယ်။ လေ့ကျင့်ခန်းပြုလုပ်တဲ့အနေအထားက မမှန်ကန်ဘူးဆိုရင် သင့်ရဲ့ ကြွက်သားနဲ့ အရိုးအဆစ်တွေကို ဒဏ်ရာအနာတရဖြစ်စေပြီး သင့်ရဲ့ လေ့ကျင့်ခန်းလုပ်ဆောင်စွမ်းရည်လည်း လျော့ကျနိုင်ပါတယ်။ အလေ့အကျင့်ဆိုးတွေက ဖျောက်ဖျက်ရခက်တာကြောင့် အကျင့်မပါသွားအောင် အစကတည်းက မှန်ကန်တဲ့လေ့ကျင့်ခန်းအနေအထားတွေကို ပြုလုပ်ပေးလိုက်ပါ။

ဗိုက်ထဲမှာ အစာမရှိဘဲ လေ့ကျင့်ခန်းပြုလုပ်ခြင်း

Photo Source: www.freepik.com

လေ့ကျင့်ခန်း မပြုလုပ်ခင် ၄၅ မိနစ်၊ တစ်နာရီခန့်ကြိုတင်ပြီး အစားစားသုံးသင့်ပါတယ်။ ဗိုက်ထဲမှာ အစာမရှိဘဲနဲ့ လေ့ကျင့်ခန်းပြုလုပ်ခြင်းက သင့်ကို အားနည်းပြီး မူးမော်စေမှာပဲဖြစ်ပါတယ်။

ဝမ်းဗိုက်အဆီမြန်မြန်ကျချင်ဇောနဲ့ Cardio လေ့ကျင့်ခန်းတွေပဲ ပြုလုပ်ခြင်း

ဝမ်းဗိုက်အဆီကျစေတဲ့ လေ့ကျင့်ခန်းတွေပဲပြုလုပ်ခြင်းက သင့်ကြွက်သားတွေကို ပင်ပန်းနွမ်းနယ်စေပါတယ်။ ဒါ့ကြောင့် လေ့ကျင့်ခန်းပြုလုပ်တဲ့အခါ လေ့ကျင့်ခန်းအစုံကို ညီမျှနေအောင် ပြုလုပ်ပေးပါ။ ဒါမှ ကြွက်သားအားလုံးကို အသုံးပြုမိပြီး အဆီပိုတွေ ကျသွားမှာပဲဖြစ်ပါတယ်။

ဘာမှမစားဘဲ အစာအငတ်ခံခြင်းကလည်း မှားယွင်းတဲ့အလေ့အကျင့်တစ်ခုပဲဖြစ်ပါတယ်။

Photo Source: teenhealthcare.org

အစား အလွန်အကျွံစားခြင်း

Photo Source: www.thefunkyknuckles.com

ကိုယ်က လေ့ကျင့်ခန်းလုပ်တာပဲ အစားမလျော့လည်း ဘာမှမဖြစ်ပါဘူးလို့ မထင်လိုက်နဲ့နော်။ လေ့ကျင့်ခန်းပြုလုပ်လို့ ပင်ပန်းတဲ့အခါ အစားအများကြီး စားချင်စိတ်တွေပေါ်လာပါလိမ့်မယ်။ အဲ့ဒီအခါ အစားမဆင်ခြင်ဘူးဆိုရင်တော့ ကိုယ်အလေးချိန်က နဂိုကထက် အများကြီးပိုတက်လာပါလိမ့်မယ်။ ဒါ့ကြောင့် လေ့ကျင့်ခန်းလည်းလုပ်ရင်း၊ အဆီအဆိမ့်တွေကို ရှောင်ပြီး ဝိတ်ချလိုက်ပါ။

အိပ်ရေးဝဝမအိပ်ခြင်း

Photo Source: psychprofessionals.com.au

လေ့ကျင့်ခန်းပြုလုပ်တဲ့သူတွေအနေနဲ့ အိပ်ရေးဝဖို့က အရေးကြီးဆုံးပါပဲ။ အိပ်ရေးမဝတဲ့အခါ စိတ်ဖိစီးမှုခံစားရပြီး လေ့ကျင့်ခန်းလုပ်တဲ့အခါမှာလည်း ကောင်းကောင်းမလုပ်နိုင်ဘဲ ကြွက်သားများနာကျင်နေပါလိမ့်မယ်။

Source: www.fitnessmagazine.com