မိုးရာသီမှာတော့ တုပ်ကွေးနဲ့ဖျားနာတာတွေက ဖြစ်တတ်တာသဘာဝပါပဲ။ ဒီလိုတွေခဏခဏမဖြစ်ဖို့ ကိုယ့်ဘက်ကလည်း အစစအရာရာကို ဂရုစိုက်ပေးဖို့လိုပါတယ်။ မိုးရာသီမှာ မိန်းကလေးပဲဖြစ်ဖြစ်၊ ယောက်ျားလေးပဲဖြစ်ဖြစ် မဖြစ်မနေဆောင်ထားသင့်တဲ့ အရေးအကြီးဆုံးပစ္စည်း (၆) မျိုးရှိပါတယ်။ ဒါကြောင့် ကိုယ်တိုင်လည်း ဒီပို့စ်လေးကိုဖတ်ရင်း မေ့တတ်တဲ့သင့်ရဲ့ မိတ်ဆွေသူငယ်ချင်းတွေနဲ့ ကိုယ်ချစ်ရသူတွေကိုလည်း ပြန်ပြီးမျှဝေပေးဖို့ မမေ့နဲ့နော်။

ထီး

Source: www.davekny.com

မိုးရာသီမှာမမေ့သင့်တဲ့ အရေးအကြီးဆုံးအရာကတော့ ထီးပါပဲ။ တချို့တွေဆိုရင် သွားတဲ့အချိန်မှာနေပူနေလို့ ထီးမယူသွားပဲသွားတတ်ကြပါတယ်။ မိုးတွင်းကတော့ ဘယ်သွားသွား မိုးမရွာလည်း ထီးယူသွားသင့်ပါတယ်။ အမြဲလည်းဆောင်ထားသင့်ပါတယ်။

မိုးတွင်းစီးဖိနပ်

Source: www.yesstyle.com

မိုးရာသီမှာ မိုးတွင်းစီးဖိနပ်ပဲစီးတာ ပိုကောင်းပါတယ်။ ဗွက်စင်တာနဲ့၊ ခဏခဏပြတ်နေတာနဲ့ဆိုရင် အဆင်မပြေလို့ မိုးတွင်းစီးဖိနပ်ကိုတော့ မဖြစ်မနေဆောင်ထားပြီး စီးသင့်ပါတယ်။ တခြားဖိနပ်တွေထက်တော့ မိုးရာသီမှာ မိုးတွင်းစီးဖိနပ်လေးတစ်ရံဝယ်ပြီး စီးပါလို့အကြံပြုပါတယ်။

အဝတ်အစားအပို

Source: www.payoff.com

ရုံးတက်နေရတဲ့သူတွေဆိုရင် မိုးရာသီမှာ အ၀တ်အစားအပိုတစ်စုံလောက် ရုံးမှာထားသင့်ပါတယ်။ မိုးကြီးတဲ့အခါမျိုးမှာဆို မိုးစိုလာတဲ့အခါ အ၀တ်အစားပြန်လဲလို့ရတော့ နေမကောင်းဖြစ်မှာ၊ အအေးပတ်မှာကိုလည်း စိတ်ပူစရာမလိုတော့ဘူးလေ။ ကျောင်းသွားတဲ့အခါနဲ့ အပြင်သွားတဲ့အခါမျိုးမှာလည်း မိုးအရမ်းရွာနေပြီဆိုရင် အဝတ်အစားအပိုလေးတစ်စုံကို ထည့်သွားသင့်ပါတယ်။ ဒါမှလည်းမိုးသည်းလာတဲ့အခါ ပြန်လဲလို့ရမှာပါ။ မိုးရာသီမှာ နေမကောင်းတာ၊ အအေးမိတာတွေ ခဏခဏဖြစ်တတ်လို့ ဂရုစိုက်ပေးဖို့လိုပါမယ်။

အကိုက်အခဲပျောက်ဆေး

Source: www.rd.com

အကိုက်အခဲပျောက်ဆေး၊ ဖျားနာပျောက်ဆေးနဲ့ နှာဆေးပျောက်ဆေးတွေကိုလည်း အိတ်ထဲမှာအမြဲဆောင်ထားပေးပါ။ မိုးရာသီမှာ ခဏခဏနေမကောင်းဖြစ်ပြီး အအေးမိတတ်လို့ အိမ်မှာလည်းဆေးတွေကို ဆောင်ထားပေးဖို့ လိုပါမယ်။ ကိုယ့်ပိုက်ဆံအိတ်ထဲမှာလည်းဆောင်ထားပြီး သွားလေရာသယ်သွားပေးနိုင်ရင် အကောင်းဆုံးပါပဲ။

လက်ကိုင်ပုဝါ

Source: www.google.com

မိုးရာသီမှာ လက်ကိုင်ပုဝါတစ်ထည်တော့ အမြဲဆောင်ထားပေးပါ။ မိုးစိုတဲ့အခါမှာ ခေါင်းကိုလည်း အလွယ်တကူသုတ်လို့ရပါတယ်။ မသုတ်ပဲဒီတိုင်းထားတာထက်စာရင် သုတ်ပေးတော့ ကျန်းမာရေးအတွက် သိပ်စိတ်မပူရတော့ဘူးပေါ့။

လက်သန့်ဆေးဘူး

လက်သန့်ဆေးဘူးကိုလည်း မဖြစ်မနေဆောင်ထားပေးပါ။ ကားစီးပြီးတဲ့အခါမှာလည်း လက်သန့်ဆေးကိုအသုံးပြုပေးပါ။ မိုးတွင်းဆိုရင် ရောဂါပိုးတွေနဲ့ တုပ်ကွေးတွေက အရမ်းကူးစက်တတ်လို့ လက်သန့်ဆေးကတော့ ဆောင်ထားသင့်တဲ့ပစ္စည်းလေးတစ်ခုပါ။

Source: www.mirror.co.uk