ကိုယ်ကတော့ ဘာရယ်မဟုတ်ဘူး။ လုပ်လိုက်တာပါပဲ။ ကောင်လေးတွေစိတ်ထဲမှာတော့ ဝုန်းဒိုင်းကြဲသွားတဲ့ အခြေအနေမျိုးလေးတွေဆိုတာ ရှိကြပါတယ်။ ဘယ်လိုအပြုအမူမျိုးလေးတွေက သူတို့ရင်ထဲ ရောက်နိုင်မလဲဆိုတာကိုတော့ ဆက်ကြည့်လိုက်ကြရအောင်ပါ။

၁။ ချွေးစို့နေရင်

Source: Kayla Itsines

မိန်းကလေးတွေတော်တော်များများက ချွေးထွက်နေတဲ့အချိန်တွေဆို ကိုယ့်ကိုယ်ကိုယ် အဆင်မပြေဘူးလို့ပဲတွေးကြပါတယ်။ အားကစားလုပ်ပြီးတဲ့အခါမျိုးမှာ၊ အပြေးအလွှားလမ်းလျှောက်ပြီးတဲ့ အခါမျိုးမှာနဲ့ အစပ်စားလို့ချွေးစို့တတ်တဲ့အခါမျိုးမှာဆို သင့်ရဲ့မျက်နှာလေးက နှင်းဆီဖူးရောင်သန်းလာပြီး ချွေးစက်လေးတွေက အရောင်တောက်နေတတ်တာမို့ ယောကျာ်းလေးတွေက ဆွဲဆောင်မှုရှိတယ်လို့ ထင်ကြခြင်းပဲ ဖြစ်ပါတယ်။

၂။ ဆံပင်ဖွတာ

Source: photosgratuite.eu

ရုတ်တရတ် ဆံနွယ်လေးတွေ သပ်တင်လိုက်ကြတဲ့အခါမျိုးမှာ မျက်နှာလေးကရှင်းပြီး ဘယ်လောက်ဆွဲဆောင်မှုရှိသွားလဲဆိုတာ သင်သိမှာပေါ့နော်။ လမ်းလျှောက်ရင်း လေတိုက်လို့ပဲဖြစ်ဖြစ်၊ ကိုယ့်ဘာသာ အကျင့်ပါနေလို့ပဲဖြစ်ဖြစ်ပွနေတဲ့ ဆံပင်လေးတွေကို ဘယ်တစ်ချက်၊ ညာတစ်ချက် ခေါင်းယမ်းပြီး ခါသိမ်းတတ်တာမျိုးလေးတွေကိုလည်း ကောင်လေးတွေက ကြွေကြပြန်ပါတယ်။ တစ်ခါတလေ စိတ်ရှပ်လို့၊ အာရုံနောက်လို့ ကိုယ့်ဆံပင်ကိုယ်ဖွမိပြီး ပွထာသွားတာမျိုးကလည်း သူတို့ကိုရင်ခုန်စေပြန်ပါတယ်။

၃။ အစားမက်တာ

ဒီကောင်လေးရှေ့မှာ အစားတွေအရမ်းများစားလိုက်ရင် ရုပ်ပေါက်သွားမလားလို့ ထင်မိကြမှာပေါ့နော်။ တကယ်က မဟုတ်ပါဘူး။ ယောကျာ်းလေးတွေက အစားကောင်းကောင်းစားတဲ့ မိန်းကလေးတွေကို အရမ်းသဘောကျကြပါတယ်။ သင်ပိုစားနိုင်လေ သင့်ကိုတစိမ့်စိမ့်ကြည့်ပြီး ပီတိဖြာကြလေပါ။

၄။ မှည့်

Source: Cosmopolitan

ပါးပေါ်ကမှည့်ကြောင့် စိတ်ညစ်နေရတာမျိုးတွေ၊ မရှိရင်ပိုကောင်းမှာပဲလို့ တွေးနေတာမျိုးတွေရှိရင် အဲဒီစိတ်ကိုခုပဲဖျောက်ပစ်လိုက်ပါတော့။ မှဲ့၊ အမှတ်နဲ့ အမာရွတ်တွေဆိုတာလည်း ဆွဲဆောင်မှုတစ်ခုတည်းမှာပါပါတယ်။

၅။ မနက်ပိုင်းအလှ

Source: Liberty London Girl

အိပ်ချင်မူးတူးရုပ်လေးနဲ့ အိပ်ချင်မူးတူးအသံလေးတွေကို ရင်မခုန်တဲ့သူဆိုတာ မရှိပါဘူး။ အပိုတွေမဆလာတွေမရောထားဘဲ နူးညံ့လွန်းသွားတာကိုး။ မိတ်ကပ်မလိမ်းထားဘဲ ပွထနေတဲ့ဆံပင်နဲ့ အိပ်ရေးဝလို့ပြည့်ဖောင်းနေတဲ့ပါးလေးတွေကြောင့်ထင်ပါတယ်။

Featured image source: Pinterest