အမျိုးသမီးတိုင်းက အသက်အရွယ်ကြီးကြီးငယ်ငယ် ပျိုပျိုအိုအို လှပချင်ကြတာကတော့ သဘာဝပါပဲ။ ဝက်ခြံပေါက်ခြင်း၊ အသားအရေမွဲခြောက်ခြောက်ဖြစ်ခြင်း၊ သွားကြွေလွှာများဝါခြင်းတွေကို လူတိုင်းမုန်းကြမှာပါ။ မိန်းကလေးတိုင်း စိုပြေဝင်းပချောမွတ်ပြီး လှပတဲ့အသားအရေ၊ ဖြူဖွေးတောက်ပြောင်နေတဲ့သွားတွေကို ပိုင်ဆိုင်နိုင်ပါတယ်။ လှပဖို့အတွက်ပြုလုပ်ပေးတဲ့နည်းလမ်းလေးတွေကို သိထားဖို့ပဲလိုအပ်တာပါ။

သွားများဖြူဖွေးနေဖို့

အားရပါးရပြုံးလိုက်တဲ့အခါ မိမိသွားလေးတွေဝါနေလို့ စိတ်ညစ်နေပါသလား။ သွားဖြူဖို့အတွက် သွားဆရာဝန်နဲ့ပြစရာမလိုဘဲ မိမိအိမ်မှာရှိတဲ့မီးဖိုချောင်သုံးပစ္စည်းလေးများရဲ့ အကူအညီရယူနိုင်ပါတယ်။ နနွင်းမှုန့် လက်ဖက်ရည်ဇွန်းတစ်ဇွန်း၊ အုန်းဆီလက်ဖက်ရည်ဇွန်းတစ်ဇွန်းတို့ကို ရောလိုက်ပြီး အနှစ်ဖြစ်အောင်ပြုလုပ်လိုက်ပါ။ ပြီးရင် အဲ့ဒီအနှစ်ကို သွားတိုက်တံပေါ်တင်ပြီး သွားတိုက်လိုက်ပါ။ ၅ မိနစ်ခန့် သွားပေါ်မှာထားထားပြီးမှ ပလုတ်ကျင်းလိုက်ပါ။ သင့်သွားလေးတွေ ဖြူဖွေးသွားတာကို တွေ့ရမှာပါ။

လက်သည်းလေးတွေ လှဖို့အတွက်

သွားတိုက်ဆေးရယ် သွားတိုက်တံအဟောင်းတစ်ချောင်းရယ် လိုအပ်ပါတယ်။ သွားတိုက်ဆေးကို သွားတိုက်တံပေါ်မှာထားလိုက်ပြီး သင့်လက်သည်းတွေကို မိနစ်အနည်းငယ်ခန့် ပွတ်တိုက်ပေးလိုက်ပါ။ သင့်လက်သည်းမှာစွန်းထင်းနေတဲ့အရာတွေ ပျောက်သွားပါလိမ့်မယ်။

မျက်နှာနဲ့ ခန္ဓာကိုယ်ကြေးချွတ်ပြီး အဆိပ်ဖြေဖို့အတွက်

အသားအရေလေးကြည်လင်ဝင်းပဖို့အတွက် ခန္ဓာကိုယ်ကိုပုံမှန်ကြေးချွတ်ဖို့ လိုအပ်ပါတယ်။ Grapefruit တစ်ခြမ်း၊ သံလွင်ဆီ အနည်းငယ်၊ ကော်ဖီအကြမ်းမှုန့်အနည်းငယ်ကို တို့လိုအပ်ပါတယ်။ သံလွင်ဆီအနည်းငယ်ကို Grapefruit အသီးပေါ်ဖြန်းလိုက်ပြီး ကော်ဖီအကြမ်းမှုန့်ပေါ်နှစ်လိုက်ကာ အသားအရေပေါ်ကို စက်ဝိုင်းပုံသဏ္ဍာန်ပွတ်တိုက်ပေးပါ။

အရေးအကြောင်းကင်းစင်ပြီး အသားအရေငယ်ရွယ်နုပျိုနေစေဖို့

ထမင်းအနည်းငယ်၊ ရှားစောင်းလက်ပတ်ဂျယ် လက်ဖက်ရည်ဇွန်းတစ်ဝက်၊ သံပုရိုရည် လက်ဖက်ရည်ဇွန်းတစ်ဝက်တို့ကို သစ်သီးဖျော်စက်ထဲထည့်ပြီး ရောမွှေလိုက်ပါ။ ပြီးရင် လက်နဲ့ မျက်နှာပေါ်မှာ ၂ မိနစ်ခန့်သုတ်လိမ်းပြီးနောက် ရေနွေးနွေးလေးနဲ့ ဆေးလိုက်ပါ။ အကယ်လို့သင့်အသားအရေက ထိလွယ်ရှလွယ်တဲ့အသားအရေဆိုရင် သံပုရိုရည်အစား ရိုးရိုးရေအသုံးပြုနိုင်ပါတယ်။

ဂျိုင်းမဲခြင်းမှ ကာကွယ်ဖို့ရန်အတွက်

သံပုရိုသီးတစ်လုံးကို အရည်ညစ်လိုက်ပြီး မုန့်ဖုတ်ဆိုဒါနဲ့ ရောမွှေလိုက်ပါ။ ရလာတဲ့ အရောအနှောကို ဂျိုင်းအောက်မှာ ၅ မိနစ် ၁၀ မိနစ်ခန့် ထားထားပါ။ ပြီးမှ ရေဆေးချလိုက်ပါ။ ထိရောက်မှု ပိုမိုရှိစေဖို့ဆိုရင်တော့ အိပ်ရာမဝင်ခင်မှာ အသုံးပြုပေးပါ။

Source: Brightside.me