ပိတ်ရက်တွေဆိုရင် တော်တော်များများကတော့ အပြင်သွားပြီးချစ်သူနဲ့တွေ့တယ်၊ သူငယ်ချင်းတွေနဲ့တွေ့ပြီး လျှောက်လည်ကြတယ်။ ဒီလိုနဲ့ ဖွင့်ရက်တွေဆိုလည်းအလုပ်သွား၊ ကျောင်းသွားနေပြီး ပိတ်ရက်ကျပြန်တော့လည်း မိသားစုနဲ့မနေပဲ အပြင်တွေလျှောက်သွားနေကြမယ်ဆိုရင်တော့ မိသားစုအတူနေချိန်ဟာ နည်းသွားပါလိမ့်မယ်။

အပြင်ကပြန်လာလို့အိမ်မှာနေတဲ့အချိန်နဲ့ မိသားစုအတွက် အချိန်ပေးပြီး တစ်နေ့တာကိုပျော်ရွှင်စွာဖြတ်သန်းတာက မတူပါဘူး။ ဒါကြောင့် တစ်ပတ်မှာတစ်ရက်တော့ အမြဲတမ်းမိသားစုနဲ့အတူပျော်ရွှင်စွာဖြတ်သန်းသင့်ပါတယ်။

အိမ်မှာမိသားစုနဲ့မုန့်လုပ်စားပါ။

www.disneyaulani.com

အိမ်မှာမိသားစုနဲ့မုန့်လုပ်စားတာမျိုးက အရမ်းပျော်စရာကောင်းပြီး နွေးထွေမှုကိုရစေပါတယ်။ အလုပ်ကိုယ်စီလုပ်နေကြတဲ့အခါ အားလုံးကပိတ်ရက်လေးပဲ လူစုံကြတာပါ။ ဒီလိုအချိန်မျိုးမှာ ဘယ်မှမသွားပဲ အိမ်မှာမိသားစုစုံစုံလင်လင်နဲ့ မုန့်တွေလုပ်စားပြီး စကားပြောနေသင့်ပါတယ်။

အပြင်မှာမိသားစုနဲ့မုန့်သွားစားပါ။

Source: www.blairhouseheritageinn.com

အိမ်မှာမုန့်မလုပ်စားချင်ရင် မိသားစုနဲ့ အပြင်မှာမုန့်သွားစားပါ။ မိသားစုစုံစုံလင်လင်နဲ့ အပြင်ကဆိုင်တစ်ဆိုင်မှာ ပျော်ပျော်ပါးပါးမုန့်သွားစားပြီး စကားတွေပြော၊ ရယ်မောပြီး စားသောက်တာမျိုးလုပ်ပေးလို့လည်း ရပါတယ်။ တခြားနေ့တွေမှာဆို ဒီလိုစုံစုံလင်လင်နဲ့ သွားစားဖို့လည်း မလွယ်ဘူးလေ။

မိသားစုနဲ့အတူရုပ်ရှင်သွားကြည့်ပါ။

Source: www.cruise1st.com

အိမ်မှာရုပ်ရှင်ကြည့်တာနဲ့ အပြင်သွားပြီး ရုပ်ရှင်ရုံမှာကြည့်တာက မတူပါဘူး။ တော်တော်များများက ကိုယ့်ချစ်သူတွေ၊ သူငယ်ချင်းတွေနဲ့ပဲရုပ်ရှင်ကြည့်ကြတယ်။ မိသားစုနဲ့ သိပ်မကြည့်ဖြစ်ကြဘူး။ တချို့မိဘတွေဆို အခုခေတ်ရုပ်ရှင်ရုံတွေမှာ သွားမကြည့်ဘူးတာတောင်ရှိပါတယ်။ ဒါကြောင့် မိသားစုတွေအကုန်လုံးနဲ့ ရုပ်ရှင်တူတူသွားကြည့်ပါ။ မိသားစုကိုအချိန်ပေးပြီး နွေးနွေးထွေးထွေးနေတာဟာ အရမ်းပျော်စရာကောင်းတဲ့အရာတစ်ခုပါ။

မိသားစုနဲ့အတူအပန်းဖြေပါ။

Source: www.elitedaily.com

မိသားစုနဲ့အတူ ပိတ်ရက်တွေမှာ အပန်းဖြေတာလည်း အရမ်းကောင်းပါတယ်။ ခရီးတိုလေးတွေသွားတာပဲဖြစ်ဖြစ်၊ နေ့ချင်းပြန်ခရီးသွားတာပဲဖြစ်ဖြစ် မိသားစုနဲ့အတူသွားပါ။ အမှတ်တရတွေကိုလည်း အမြဲတမ်းမှတ်တမ်းတင်ပါ။ ဓာတ်ပုံလေးတွေရိုက်ထားပါ။ ဒါကြောင့် မိသားစုကိုအမြဲတန်ဖိုးထားပြီး အချိန်ပေးပါ။

မိသားစုနဲ့အတူဘုရားသွားပါ။

Source: www.tripsavvy.com

မိသားစုတွေနဲ့ အတူတူဘုရားသွားပါ။ ပုံမှန်ဆို အတူတူစုသွားဖို့က မလွယ်ဘူးလေ။ ဒါကြောင့် ပိတ်ရက်မှာ မိသားစုစုံစုံလင်လင်နဲ့ ဘုရားသွားပြီး ကောင်းမှုကုသိုလ်လုပ်ပါ။ ဒီလိုဆိုရင် ဘုရားကအပြန်လည်း မိသားစုနဲ့အတူ မုန့်ဝင်စားလို့ရတာပေါ့။