[Zawgyi]

အားလံုးပဲ မဂၤလာပါ။ ဒီတစ္ခါမွာေတာ့ သင့္အေၾကာင္းကုိ အေသးစိတ္ေဖာ္ျပေပးႏိုင္မယ့္ ဂိမ္းေလးတစ္ခုေဆာ့ၾကည့္လိုက္ရေအာင္။

ဂိမ္းမေဆာ့ခင္မွာ စိတ္ကို အရင္ဆံုး တည္ၿငိမ္ေအးခ်မ္းေအာင္ လြတ္လပ္ေပါ့ပါးေအာင္ ျပဳလုပ္ပါ။ ေခါင္းထဲမွာလည္း ဘာမွ မေတြးမိေအာင္ ဂ႐ုစိုက္ရပါမယ္။ ၿပီးမွ ဓာတ္ပံုေလးေတြကို ၾကည့္လိုက္ၿပီး သင္ပထမဆံုးျမင္တဲ့ပံုရိပ္ေလးေတြက သင့္အေၾကာင္းကို ခေရေစ့တြင္းက်ေျပာျပေပးပါလိမ့္မယ္။

အဆင္သင့္ျဖစ္ၿပီဆိုရင္ အတူတူေဆာ့ၾကည့္လိုက္ရေအာင္။

ပံု (၁)

မိန္းကေလးတစ္ေယာက္ရဲ႕ နီရဲေနတဲ့ႏႈတ္ခမ္းေလးကို အရင္ေတြ႔တယ္ဆိုရင္ သင္က ဘဝမွာ ထင္မွတ္မထားတဲ့အရာေတြ၊ အခက္အခဲေတြႀကံဳေတြ႔ရတိုင္း ေက်ာ္လႊားႏိုင္ဖို႔ ခြန္အားသတၱိအျပည့္ သင့္မွာ႐ွိပါတယ္။

ၾကက္တစ္ေကာင္ကို ျမင္တယ္ဆုိရင္ေတာ့ သင့္ရဲ႕ အေတြးေတြက ခ်ဳပ္ေႏွာင္ကန္႔သတ္ထားျခင္းမ႐ွိဘူး။ အေကာင္းျမင္စိတ္လည္း႐ွိၿပီး စိတ္႐ွည္တဲ့သူတစ္ေယာက္ျဖစ္တယ္။ ဒါ့အျပင္ သင္က သခ်ာၤတြက္ခ်က္ရာမွာလည္း ကြ်မ္းက်င္တဲ့သူတစ္ေယာက္ျဖစ္တယ္။

လူႀကီးတစ္ေယာက္ရဲ႕ ပံုသ႑ာန္ကို အရင္ဦးဆံုးျမင္ရတယ္ဆိုရင္ေတာ့ သင္ကဥာဏ္ေကာင္းသူတစ္ေယာက္ပါ။ ဘယ္လုပ္ငန္းပဲ လုပ္ကိုင္ပါေစ ေအာင္ျမင္မႈရ႐ွိမွာပါ။ ဘာျဖစ္လို႔လဲဆိုေတာ့ သင္က ျပႆနာတစ္ခုႀကံဳလာတိုင္း ျပႆနာကို အာ႐ံုမထားဘဲ ေျဖ႐ွင္းနည္းကိုသာ စိတ္ထဲ႐ွိတဲ့အတြက္ေၾကာင့္ ေအာင္ျမင္မႈက သင့္အတြက္ပဲျဖစ္ပါတယ္။ သင္က စူးစမ္းေလ့လာႏိုင္စြမ္းလည္း ေကာင္းသလို တီထြင္ႀကံဆႏိုင္စြမ္းလည္း ျမင့္မားပါတယ္။

ပံု (၂)

ငါးေလးေတြကို အရင္ဆံုး ျမင္တယ္ဆိုရင္ေတာ့ သင္က အေျခအေနအခ်ိန္အခါအလိုက္ လႈပ္႐ွားျပဳမူတတ္သူတစ္ေယာက္ျဖစ္ၿပီး ကိုယ့္အမွားကေန သင္ခန္းစာယူတတ္သူဆိုလည္း မမွားပါဘူး။ ဒါေပမဲ့ တစ္ခါတေလေတာ့ သင့္ရည္မွန္းခ်က္ပန္းတိုင္ေတြကို ေရာက္႐ွိဖို႔ဆိုရင္ ဒီ့ထက္ပိုၿပီး တက္တက္ၾကြၾကြနဲ႔ စိတ္အားထက္သန္ဖို႔ လိုအပ္ပါလိမ့္မယ္။

မိန္းကေလးတစ္ေယာက္ရဲ႕ မ်က္ႏွာကို အရင္ျမင္တယ္ဆိုရင္ေတာ့ သင္က စိတ္ကူးယဥ္ဆန္တဲ့သူတစ္ေယာက္ျဖစ္ၿပီး သင့္အနီးအနားမွာ သင့္သူငယ္ခ်င္းေတြ၊ မိသားစုဝင္ေတြ၊ ေဆြမ်ိဳးေတြနဲ႔ အခ်ိန္ကုန္ရတာကို ေပ်ာ္႐ႊင္တဲ့သူတစ္ေယာက္ပါ။ သင့္အနားမွာ ေနရတာကို သူတို႔ကလည္း ေပ်ာ္ရႊင္ၾကပါတယ္။

ၾကယ္ေတြနဲ႔ ျပည့္ေနတဲ့ ေကာင္းကင္ႀကီးကို အရင္ဆံုးျမင္ရတယ္ဆိုရင္ေတာ့ သင္က အေတြးအေခၚပညာ႐ွင္တစ္ေယာက္လို အေတြးအေခၚျမင့္မားတဲ့သူတစ္ေယာက္ပါ။ တျခားသူေတြကေတာ့ သင့္အေတြးေတြက ယုတၱိမ႐ွိဘူးလို႔ ေျပာေကာင္းေျပာႏိုင္ပါလိမ့္မယ္။ ဒါေပမဲ့ သူတို႔ကို ဂ႐ုမစိုက္ပါနဲ႔။ ကိုယ့္ ပံုစံအတိုင္း၊ ကိုယ္ ေပ်ာ္သလိုပဲ ေနပါ။

ပံု (၃)

ဆင္တစ္ေကာင္ကို အရင္ဆံုး ျမင္တယ္ဆိုရင္ေတာ့ သင္က အနာဂတ္အတြက္ အစီအစဥ္ေသခ်ာေရးဆြဲတတ္သူပါ။ သင့္အစီအစဥ္ေတြက အလုပ္ျဖစ္မွာမဟုတ္ဘူးလို႔ တျခားသူေတြက ထင္တတ္ၾကပါတယ္။ ဒါေပမဲ့လည္း ၁၀၀ မွာ ၉၀ ရာခိုင္ႏႈန္းကေတာ့ အဆင္ေျပသြားတာပါပဲ။

ၾကြက္ကေလးတစ္ေကာင္ကို အရင္ျမင္တယ္ဆိုရင္ေတာ့ သင္က အေသးအဖြဲေလးကအစ ဂ႐ုစိုက္တတ္သူပါ။ အျခားသူေတြမျမင္တဲ့အရာကို ႐ႈျမင္တတ္ျခင္းကလည္း သင့္ရဲ႕အရည္အခ်င္းတစ္ရပ္ပါပဲ။

Source: Brightside.me

[Unicode]

အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ သင့်အကြောင်းကို အသေးစိတ်ဖော်ပြပေးနိုင်မယ့် ဂိမ်းလေးတစ်ခုဆော့ကြည့်လိုက်ရအောင်။

ဂိမ်းမဆော့ခင်မှာ စိတ်ကို အရင်ဆုံး တည်ငြိမ်အေးချမ်းအောင် လွတ်လပ်ပေါ့ပါးအောင် ပြုလုပ်ပါ။ ခေါင်းထဲမှာလည်း ဘာမှ မတွေးမိအောင် ဂရုစိုက်ရပါမယ်။ ပြီးမှ ဓာတ်ပုံလေးတွေကို ကြည့်လိုက်ပြီး သင်ပထမဆုံးမြင်တဲ့ပုံရိပ်လေးတွေက သင့်အကြောင်းကို ခရေစေ့တွင်းကျပြောပြပေးပါလိမ့်မယ်။

အဆင်သင့်ဖြစ်ပြီဆိုရင် အတူတူဆော့ကြည့်လိုက်ရအောင်။

ပုံ (၁)

မိန်းကလေးတစ်ယောက်ရဲ့ နီရဲနေတဲ့နှုတ်ခမ်းလေးကို အရင်တွေ့တယ်ဆိုရင် သင်က ဘဝမှာ ထင်မှတ်မထားတဲ့အရာတွေ၊ အခက်အခဲတွေကြုံတွေ့ရတိုင်း ကျော်လွှားနိုင်ဖို့ ခွန်အားသတ္တိအပြည့် သင့်မှာရှိပါတယ်။

ကြက်တစ်ကောင်ကို မြင်တယ်ဆိုရင်တော့ သင့်ရဲ့ အတွေးတွေက ချုပ်နှောင်ကန့်သတ်ထားခြင်းမရှိဘူး။ အကောင်းမြင်စိတ်လည်းရှိပြီး စိတ်ရှည်တဲ့သူတစ်ယောက်ဖြစ်တယ်။ ဒါ့အပြင် သင်က သချာၤတွက်ချက်ရာမှာလည်း ကျွမ်းကျင်တဲ့သူတစ်ယောက်ဖြစ်တယ်။

လူကြီးတစ်ယောက်ရဲ့ ပုံသဏ္ဍာန်ကို အရင်ဦးဆုံးမြင်ရတယ်ဆိုရင်တော့ သင်ကဉာဏ်ကောင်းသူတစ်ယောက်ပါ။ ဘယ်လုပ်ငန်းပဲ လုပ်ကိုင်ပါစေ အောင်မြင်မှုရရှိမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ သင်က ပြဿနာတစ်ခုကြုံလာတိုင်း ပြဿနာကို အာရုံမထားဘဲ ဖြေရှင်းနည်းကိုသာ စိတ်ထဲရှိတဲ့အတွက်ကြောင့် အောင်မြင်မှုက သင့်အတွက်ပဲဖြစ်ပါတယ်။ သင်က စူးစမ်းလေ့လာနိုင်စွမ်းလည်း ကောင်းသလို တီထွင်ကြံဆနိုင်စွမ်းလည်း မြင့်မားပါတယ်။

ပုံ (၂)

ငါးလေးတွေကို အရင်ဆုံး မြင်တယ်ဆိုရင်တော့ သင်က အခြေအနေအချိန်အခါအလိုက် လှုပ်ရှားပြုမူတတ်သူတစ်ယောက်ဖြစ်ပြီး ကိုယ့်အမှားကနေ သင်ခန်းစာယူတတ်သူဆိုလည်း မမှားပါဘူး။ ဒါပေမဲ့ တစ်ခါတလေတော့ သင့်ရည်မှန်းချက်ပန်းတိုင်တွေကို ရောက်ရှိဖို့ဆိုရင် ဒီ့ထက်ပိုပြီး တက်တက်ကြွကြွနဲ့ စိတ်အားထက်သန်ဖို့ လိုအပ်ပါလိမ့်မယ်။

မိန်းကလေးတစ်ယောက်ရဲ့ မျက်နှာကို အရင်မြင်တယ်ဆိုရင်တော့ သင်က စိတ်ကူးယဉ်ဆန်တဲ့သူတစ်ယောက်ဖြစ်ပြီး သင့်အနီးအနားမှာ သင့်သူငယ်ချင်းတွေ၊ မိသားစုဝင်တွေ၊ ဆွေမျိုးတွေနဲ့ အချိန်ကုန်ရတာကို ပျော်ရွှင်တဲ့သူတစ်ယောက်ပါ။ သင့်အနားမှာ နေရတာကို သူတို့ကလည်း ပျော်ရွှင်ကြပါတယ်။

ကြယ်တွေနဲ့ ပြည့်နေတဲ့ ကောင်းကင်ကြီးကို အရင်ဆုံးမြင်ရတယ်ဆိုရင်တော့ သင်က အတွေးအခေါ်ပညာရှင်တစ်ယောက်လို အတွေးအခေါ်မြင့်မားတဲ့သူတစ်ယောက်ပါ။ တခြားသူတွေကတော့ သင့်အတွေးတွေက ယုတ္တိမရှိဘူးလို့ ပြောကောင်းပြောနိုင်ပါလိမ့်မယ်။ ဒါပေမဲ့ သူတို့ကို ဂရုမစိုက်ပါနဲ့။ ကိုယ့် ပုံစံအတိုင်း၊ ကိုယ် ပျော်သလိုပဲ နေပါ။

ပုံ (၃)

ဆင်တစ်ကောင်ကို အရင်ဆုံး မြင်တယ်ဆိုရင်တော့ သင်က အနာဂတ်အတွက် အစီအစဉ်သေချာရေးဆွဲတတ်သူပါ။ သင့်အစီအစဉ်တွေက အလုပ်ဖြစ်မှာမဟုတ်ဘူးလို့ တခြားသူတွေက ထင်တတ်ကြပါတယ်။ ဒါပေမဲ့လည်း ၁၀၀ မှာ ၉၀ ရာခိုင်နှုန်းကတော့ အဆင်ပြေသွားတာပါပဲ။

ကြွက်ကလေးတစ်ကောင်ကို အရင်မြင်တယ်ဆိုရင်တော့ သင်က အသေးအဖွဲလေးကအစ ဂရုစိုက်တတ်သူပါ။ အခြားသူတွေမမြင်တဲ့အရာကို ရှုမြင်တတ်ခြင်းကလည်း သင့်ရဲ့အရည်အချင်းတစ်ရပ်ပါပဲ။

Source: Brightside.me