ရှည်လျားတဲ့ မျက်တောင်မွှေးလေးတွေကို မိန်းကလေးတိုင်းလိုချင်တပ်မက်ကြပါတယ်။ မျက်တောင်မွှေးလေးတွေ ရှည်လျားကော့ညွှတ်နေအောင် မျက်တောင်ကော့ဆေးနဲ့ ကော့တဲ့အခါ တာရှည်ခံနေအောင် ပြုလုပ်လို့ရတဲ့ နည်းလမ်းလေးတွေ ရှိပါတယ်။

မိတ်ကပ်မလိမ်းခင် ၁၀ မိနစ်အလိုမှာ မျက်တောင်ကော့တဲ့ဘရက်ရှ်နဲ့ အုန်းဆီ၊ သံလွင်ဆီအသုံးပြုပြီး မျက်တောင်မွှေးပေါ်မှာ လိမ်းကျံပေးပါ။

ဗီတာမင်အီး မှီဝဲခြင်းကလည်း သင့်မျက်တောင်မွှေးနဲ့ သင့်ဆံကေသာ ကျန်းမာသန်စွမ်းပြီး အရှည်မြန်ဖို့အတွက် ကူညီပေးပါလိမ့်မယ်။

အရည်အသွေးကောင်းမွန်ပြီး ဈေးကြီးတဲ့ မျက်တောင်ကော့ဆေးတွေမှာလည်း ဓာတုပစ္စည်းပါဝင်တာကြောင့် မျက်တောင်ကော့ဆေးကို ဖြစ်နိုင်မယ်ဆိုရင် နေ့တိုင်းမသုံးပါနဲ့။ မျက်တောင်မွှေးလေးတွေကို အနားပေးခြင်းအားဖြင့် ကျန်းမာသန်စွမ်းဖို့ ကူညီပေးနိုင်ပါတယ်။

မျက်တောင်ကော့ဘရက်ရှ်မှာ အများကြီးပိုနေတဲ့ မျက်တောင်ကော့ဆေးတွေကို တစ်သျှူးနဲ့ဖယ်ပါ။ ဒါမှ မျက်တောင်မွှေးပေါ်ခြယ်သတဲ့အခါ အတောင့်အခဲတွေ မကပ်ဘဲ တစ်ညီတစ်ညာတည်းဖြစ်နေအောင်ပါ။

မာစကာရာဘူးကို ရေနွေးနွေးထဲမှာ ထည့်စိမ်ထားမယ်ဆိုရင် အတောင့်အခဲမဖြစ်တော့ဘဲ အရည်ပျော်သွားအောင် ကူညီပေးပါတယ်။

ဇွန်းအသုံးပြုပြီး မာစကာရာခြယ်မယ်ဆိုရင် မျက်နှာပေါ်မှာ ပေကျံနေမှာမဟုတ်တော့ပါဘူး။

မျက်တောင်ကော့စက်အသုံးပြုပြီးလည်း မပေကျံအောင် လိမ်းလို့ရပါသေးတယ်။

မသုံးတော့တဲ့ မျက်တောင်ကော့ဘရက်ရှ်ကို ၉၀ ဒီဂရီချိုးပါ။ မာစကာရာလိမ်းပြီးတဲ့နောက်မှာ မျက်တောင်မွှေးတွေ တစ်ခုနဲ့တစ်ခုပူးကပ်မနေအောင် ချိုးထားတဲ့ဘရက်ရှ်က ကူညီပေးပါလိမ့်မယ်။

မာစကာရာဘူးထဲကို သံလွင်ဆီအနည်းငယ်ထည့်ပေးလိုက်မယ်ဆိုရင် မျက်တောင်မွှေးလေးတွေ ရှည်လျားသန်စွမ်းဖို့ ကူညီပေးပါသေးတယ်။

မျက်တောင်ကော့ဘရက်ရှ်နဲ့ အလျားလိုက်လိမ်းခြယ်ပြီးတဲ့အခါမှာ မျက်တောင်တွေ တစ်ခုနဲ့တစ်ခုပူးကပ်မနေအောင်  ဒေါင်လိုက်အနေအထားနဲ့ပြန်လည် လိမ်းခြယ်ပေးပါ။

မျက်တောင်ကော့စက်ကို ဆံပင်လေမှုတ်စက်နဲ့ ဟောဒီလိုအရင်မှုတ်ပေးလိုက်ပါ။ ပြီးမှ မျက်တောင်ကော့စက်နဲ့ကော့လိုက်မယ်ဆိုရင် မျက်တောင်လေးတွေ အကြာကြီးကော့ညွှတ်နေပါလိမ့်မယ်။

ထူထဲတဲ့ မျက်တောင်လေးတွေ ပိုင်ဆိုင်နိုင်ဖို့အတွက် ပြုလုပ်ပေးရမယ့်နည်းကတော့

ပထမအကြိမ်မာစကာရာတစ်ခါလိမ်းပြီးရင် Baby Powder အသုံးပြုပြီး အရင်းကနေအဖျားအထိလိမ်းခြယ်ပေးပါ။ ပြီးရင် ဒုတိယတစ်ခါ မာစကာရာထပ်လိမ်းပေးပါ။

မျက်တောင်မွှေးလေးကော့ညွှတ်နေဖို့အတွက် မျက်တောင်ကော့စက်နဲ့ကော့တဲ့အခါ ပုံမှာပြထားတဲ့အတိုင်း အပေါ်ကိုထောင်ပြီး ကော့ပေးပါ။

မျက်တောင်မွှေးလေးတွေ မဲနက်နေဖို့အတွက် မာစကာရာကို မျက်တောင်အတွင်းဘက်ရော အပြင်ဘက်ပါ လိမ်းခြယ်ပေးပါ။

မိတ်ကပ်တွေအကုန်လိမ်းခြယ်ပြီးမှ မာစကာရာက နောက်ဆုံးအဆင့်အနေနဲ့ လိမ်းခြယ်ရမှာပါ။ သင့်ရဲ့မျက်လုံးကို ဝိုင်းစက်ပြီး ပိုကြီးတဲ့ပုံပေါ်ချင်ရင်တော့ အရောင်ဖျော့တဲ့မျက်လုံးခြယ်ခဲတံအသုံးပြုပြီး မျက်လုံးအောက်ဘက်အစပ်နားမှာ လိမ်းခြယ်ပေးပါ။

Source: Brightside.me