မသပ်မရပ်တဲ့ပုံစံလို့ပြောလိုက်ရင် သင်က အဝတ်အစားစုတ်ပြတ်ပြီး ညစ်ပတ်တဲ့လူတစ်ယောက်ကို ပြေးမြင်မိမှာပါ။ ဒါပေမဲ့ သင်မသိသေးတဲ့ မသေသပ်ဘူးထင်ရတဲ့ အသေးစိတ်အကြောင်းအရာလေးတွေရှိပါတယ်။ ဒါတွေကတော့ –

၁။ ဆံပင်အရင်း

သင့်ဆံပင်အရင်းက မည်းနက်နေပါစေ ဆံပင်ဖြူဖြစ်နေပါစေ။ အရောင်မတူတဲ့ ဆံပင်အရင်းတွေက သင့်အပေါ် ပထမဆုံးထင်မြင်တဲ့အမြင်ကို ထိခိုက်စေပါတယ်။ ဥပမာ သင်က ဆံပင်အဝါရောင်ဆိုးထားပေမယ့် ဆံပင်ရှည်လာတော့ အမည်းနဲ့အဝါနှစ်ရောင်ဖြစ်သွားတာကို ဆိုလိုပါတယ်။

ဘာလုပ်ရမလဲ-

  • သင်ကဆံပင်အရောင်ပြောင်းလေ့ရှိသူမဟုတ်ဘူးဆိုရင် သင့်ဆံပင်အရင်းကို ပုံမှန်ဆေးဆိုးပေးပါ။
  • သင်က ဆံပင်ဆိုးရတာ မနှစ်သက်ဘူးဆိုရင်တော့ သင့်နဂိုဆံပင်အရောင်ကိုပဲထားပေးပါ။

၂။ လက်မှာခေါင်းစည်းကြိုးပတ်ထားခြင်း

သင်က အလုပ်များတဲ့မိန်းကလေးဆိုရင် ဒါမျိုးလုပ်ဖူးမှာပါ။ ဒီလိုပတ်ထားတာက လိုတဲ့အချိန် ဆံပင်စည်းလိုက်ရုံပါပဲ။ ဒါမှန်ပါတယ်။ ဒါပေမဲ့ အဲ့လိုအပြူအမူက သင့်ရဲ့ခေါင်းအစခြေအဆုံး တစ်ကိုယ်လုံးကို သက်ရောက်မှုရှိပါတယ်။ ခေါင်းစည်းကြိုးကို ဆံပင်စည်းတာဖြစ်ဖြစ် မစည်းရင်လည်း အိတ်ထဲမှာထည့်ထားသင့်ပါတယ်နော်။

ဘယ်လိုလုပ်ရမလဲ-

  • သင့်လက်မှာ လက်ကောက်လှလှလေးတွေဝတ်ထားလိုက်ပါ။

၃။ ဆံထုံး

အလုပ်များလာရင် ဆံပင်သေချာစည်းဖို့ကလည်း အချိန်မရဘူးလေ။ ဒီတော့ ပျိုမေတို့က အလွယ်နည်းနဲ့ ဘယ်ဘက် ပုံမှာပြထားတဲ့အတိုင်းဆံပင်ကို ထုံးတတ်ကြပါတယ်။ အိမ်မှာနေတဲ့အချိန်တော့ ဒီလိုစည်းတာက အဆင်ပြေပါတယ်။ ဒါပေမဲ့ သင့်အလုပ်မှာတော့ အဲ့လိုပုံစံက အဆင်မပြေဘူးနော်။

ဘယ်လိုလုပ်ရမလဲ-

  • သင့်ဆံပင်အတွက် အချိန်အနည်းငယ်ဖဲ့ပေးလိုက်ပါ။ ဘီးတွေ ဆံညှပ်တွေ dry shampoo သယ်သွားပါ။
  • သင့်ဆံပင်ကို ponytail ပုံစံစည်းတာ ဒါမှမဟုတ် ကျစ်ဆံမြီးကျစ်ထားပေးပါ။

၄။ သပ်ရပ်မှုမရှိတဲ့ လက်သည်းနဲ့ လက်သည်းစတွေ

ဘယ်လိုလုပ်ရမလဲ-

  • သင့်လက်နဲ့ လက်သည်းကို ပုံမှန်ဂရုစိုက်ပေးပါ။ သင့်လက်ကို အစိုဓာတ်ထိန်းခရင်လိမ်းပေးပါ။ လက်သည်းကို သပ်သပ်ရပ်ရပ်ညှပ်ပေးပါ။

၅။ မိတ်ကပ်အရောင်မှားယွင်းနေခြင်း

မိတ်ကပ်အရောင်က ဖြူလွန်းတာ ညိုလွန်းတာဖြစ်တဲ့အချိန် သင့်လည်ပင်းက သင့်မျက်နှာနဲ့ ဆန့်ကျင်ဘက်ဖြစ်သွားပါလိမ့်မယ်။

ဘယ်လိုလုပ်ရမလဲ-

  • သင်မိတ်ကပ်အရောင်ရွေးတဲ့အချိန် စမ်းလိမ်းကြည့်ပါ။ သင့်မေးစေ့ပေါ်မှာ မိတ်ကပ်တစ်ရောင်စီစမ်းကြည့်ပါ။ သင့်လည်ပင်းအရောင်နဲ့ တူတဲ့ အရောင်ကိုရွေးချယ်ပါ။

၆။ တစ်ခါတည်းနဲ့ အိတ်အကြီးနှစ်လုံးလွယ်ခြင်း

အိတ်အကြီးကြီးတစ်အိတ်ကပျိုမေတို့ စိတ်ကြိုက်ဈေးဝယ်ပြီး ထည့်ဖို့သင့်လျော်ပါတယ်။ ဒါပေမဲ့သင့်ရဲ့ အိတ်နဲ့တွဲပြီး နောက်အိတ်တစ်လုံးကို အတူတူသယ်တာကတော့ အဆင်မပြေလှပါဘူး။

ဘယ်လိုလုပ်ရမလဲ-

  • သင့်အိတ်ထဲအမှန်တကယ်လိုအပ်တဲ့ ပစ္စည်းကိုသာ နေရာပေးပါ။

၇။ အတွင်းခံပုံစံ

သင့်ဘရာက ကြိုးပျောက်ဘရာမဟုတ်ရင် ဘော်လီကြိုးကို မပေါ်အောင်ဝတ်သင့်ပါတယ်။ မဟုတ်ရင်တော့သင့်ကိုယ်သင် မှန်ထဲကြည့်ရောကြည့်ရဲ့လား ဆိုပြီး ထင်သွားနိုင်ပါတယ်။

ဘယ်လိုလုပ်ရမလဲ-

သင့်အတွင်းခံအင်္ကျ ီက အင်္ကျ ီအောက်မှာပဲ ရှိနေပါစေ။

၈။ ခြောက်သွေ့တဲ့အသားအရေ

ခြောက်သွေ့တဲ့အသားအရေက အရေးကြောင်းတွေကို ပိုမြင်ရပြီး မသပ်ရပ်တဲ့ အသွင်အပြင်မျိုးဖြစ်သွားစေပါတယ်။

ဘယ်လိုလုပ်ရမလဲ-

  • အစိုဓာတ်ထိန်းခရင်ကို ပုံမှန်လိမ်းပေးပါ။

၉။ ဆံပင်နှစ်ခွ

ဆံပင်အဖျားနှစ်ခွဖြစ်တာတွေက သင့်ရဲ့ ဆံပင်ပုံစံတစ်ခုလုံးကို ကြည့်မကောင်းဖြစ်စေပါတယ်။

ဘယ်လိုလုပ်ရမလဲ-

  • ဆံပင်ဆိုင်ကို သွားပြီးဆံပင်ကို ထိန်းသိမ်းပေးပါ။

၁၀။ အဝတ်တော်အောင် အတင်းဝတ်ခြင်း

သင့်ကို သက်တောင့်သက်သာမရှိစေတဲ့အဝတ်အစားတွေက သင့်အတွက် အဆင်မပြေသလို ကြည့်ရသူအတွက်လည်း အဆင်မပြေလှပါဘူး။

ဘယ်လိုလုပ်ရမလဲ-

  • သင်နဲ့ အဆင်ပြေပြီး သက်တောင့်သက်သာရှိတဲ့ အဝတ်အစားမျိုးကိုပဲရွေးချယ်ပေးပါ။

၁၁။ နှုတ်ခမ်းကွဲနေတာ

နှုတ်ခမ်းနီအရောင်တောက်တောက်တွေက ကွဲနေတဲ့နှုတ်ခမ်းကို ကြည့်ရပိုဆိုးစေပါတယ်။

ဘယ်လိုလုပ်ရမလဲ-

  • သင်က နှုတ်ခမ်းခြောက်တတ်သူဆိုရင် အရောင်တောက်တောက်တွေ မသုံးပါနဲ့။ နှုတ်ခမ်းကို အစိုဓာတ်ပေးတဲ့ Lip Balm သုံးပေးပါ။

၁၂။ အဝတ်အစားပေါ်မှာ တိရစ္ဆာန်အမွှေးကပ်နေခြင်း

ဒီလိုဖြစ်တာအတွက် ဖြေရှင်းနည်းကတော့

  • သင့်အိမ်မွေးခွေးလေးတွေနဲ့ ဆော့တဲ့အချိန်သင်အကြိုက်ဆုံးအင်္ကျီတွေကို မဝတ်ပါနဲ့။ ပျိုမေတို့ အပေါ်မှာ ပြထားတဲ့အမှားတွေကို သတိထားမိပြီး အားလုံးနှစ်သက်သဘောကျတဲ့ အလှမျိုးကို ပိုင်ဆိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

Source: BrightSide