အားလုံးပဲ မင်္ဂလာပါ။ စာဖတ်သူတွေထဲမှာ မနက်ဖြန်ကစပြီး Gym သွားကစားမယ်၊ ဝိတ်လျော့မယ်၊ ကယ်လိုရီများတဲ့ အစားအစာတွေ မစားတော့ဘူး၊ ကျန်းမာရေးနဲ့ ညီညွှတ်မျှတတဲ့ အစားအစာတွေပဲ စားတော့မယ်ဆိုပြီး ကိုယ့်ကိုယ်ကို ကတိတွေ စွတ်ပေးဖူးပါသလား။

ကိုယ့်ရဲ့ အကျင့်ဆိုးတွေကို လုံးဝဖျောက်ဖျက်ပစ်မယ်လို့ နေ့စဉ်နေ့တိုင်းကျိန်ဆိုဖူးတယ်ဆိုရင်တော့ ဒီစာကို ဆက်ဖတ်ကြည့်လိုက်ကြဦးနော်။ အခုဖော်ပြပေးမယ့် အမျိုးသားတွေက ဆေးလိပ်သောက်တာ၊ အရက်သောက်တာတွေကို လုံးဝဖြတ်ပစ်လိုက်တဲ့အခါမှာတော့ အင်မတန်ကြည့်ကောင်းပြီး တည်ကြည်ခန့်ညားတဲ့ အမျိုးသားအသွင် ပြောင်းလဲသွားပါတယ်။ ဒါ့ကြောင့် စာဖတ်သူအမျိုးသားများအတွက် စိတ်ခွန်အားလေးရအောင်လို့ မျှဝေပေးလိုက်ပါတယ်။

တစ်နှစ်လောက် အရက်ဖြတ်လိုက်ပြီးနောက် ပြောင်းလဲသွားပုံ

၂ နှစ်ခွဲခန့် အလေးမှန်မှန်မတဲ့ အမျိုးသား

ဒီအမျိုးသားကတော့ သူ့ကောင်မလေးက ဝိတ်လျော့ဖို့ အကြိမ်ကြိမ်အားပေးခဲ့တဲ့နောက်မှာတော့ ၂ နှစ်ကြာတဲ့အခါ ညာဘက်ကရုပ်ဖြောင့်ဖြောင့် အမျိုးသားပုံဖြစ်သွားပါတယ်။

ဝိတ်ကျဖို့ ကြိုးစားပြီးတဲ့နောက်မှာတော့ ကိုယ်အလေးချိန်ကျသွားရုံသာမက မုတ်ဆိတ်မွှေးတွေဖယ်ရှားပြီး ဆံပင်ကျန်းမာရေးကိုပါ ထိန်းသိမ်းစောင့်ရှောက်လိုက်တဲ့အခါ ခန့်ညားချောမောသွားတာကို တွေ့မြင်ရမှာပါ။

အသက် ၄၅ နှစ်အရွယ်အမျိုးသားက ၁၈ လအတွင်း ဝိတ်လျော့ခဲ့ရာ ပေါင် ၂၄၀ ကနေ အခုဆိုရင် ပေါင် ၁၇၀ ပဲရှိပါတော့တယ်။

၂ နှစ်အတွင်း ပေါင် ၁၈၀ ချနိုင်ခဲ့တဲ့ အမျိုးသား

အရင်က အင်္ကျီဆိုဒ်က 20XL ပါ။ အခုတော့ ၂၆၅ ပေါင် ဝိတ်ကျသွားပါပြီ။

၅ နှစ်အတွင်း ဝိတ်ချခဲ့လို့ ပေါင် ၁၄၀ ဝိတ်ကျသွားတဲ့ အမျိုးသား

၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့ကတည်းက အရက်ဖြတ်လိုက်တဲ့ အမျိုးသား

၇ လလောက် အရက်ဖြတ်ပြီးနောက်မှာတော့ စိတ်သစ်လူသစ်ဘဝသစ်နဲ့ ပျော်ရွှင်နေပါတယ်တဲ့

မျိုးရိုးကြောင့် ဝတယ်လို့ထင်ခဲ့ပေမယ့် အားကစားနဲ့ လေ့ကျင့်ခန်း မှန်မှန်လုပ်တဲ့နောက်မှာတော့ သူ့ရဲ့ထင်မြင်ယူဆချက်တွေ ပြောင်းလဲသွားပါတော့တယ်။

တချို့ မင်းသားတွေကလည်း သူတို့သရုပ်ဆောင်ရမယ့် ဇာတ်ကောင်စရိုက်နဲ့ညီအောင် ခန္ဓာကိုယ်ပြောင်းလဲပြုပြင်ရတာတွေလည်း ရှိပါတယ်။

လူသားတွေပဲ ကိုယ်အလေးချိန်လျော့ချလို့ရတာမဟုတ်ပါဘူး။ ကြောင်လေးတွေလည်း ဝိတ်ချလို့ရတယ်ဆိုတာ သက်သေပြနေတဲ့ ဓာတ်ပုံလေးပါ။

Source: Brightside.me