မဂ္ဂဇင်းကာဗာထက်က မော်ဒယ်မလေးလိုမျိုး ခန္ဓာကိုယ်ကောက်ကြောင်းပေါ်အောင် ဓာတ်ပုံရိုက်ရတာ ခက်ခဲလွန်းလှပါတယ်။ အထူးသဖြင့် ဝဝပြည့်ပြည့်မိန်းကလေးတွေဆိုရင် ပိုခက်ပါတယ်။ ဒါပေမယ့် ဘယ်လိုခန္ဓာကိုယ်အချိုးအစားပိုင်ဆိုင်ထားပါစေ ပို့စ်ပေးနည်းလေးတွေ သိထားမယ်ဆိုရင်တော့ လွယ်တာမှ သိပ်လွယ်လို့တောင် အောက်မေ့သွားပါလိမ့်မယ်။

၁။ လက်မောင်းကို ခန္ဓာကိုယ်နဲ့ ကပ်မထားဘဲ ပိုသေးတဲ့ ပုံစံဖြစ်အောင်လို့ ညာဘက်ကပုံလေးအတိုင်း လက်အနေအထားရအောင် ပြုလုပ်ပါ။

၂။ ခြေထောက်နှစ်ချောင်းကို ခပ်ခွာခွာရပ်ထားပါ

ပေါင်တံသွယ်တဲ့ပုံပေါက်ဖို့ရန်အတွက် ခြေထောက်နှစ်ဖက်ကို ရှေ့တိုးနောက်ဆုတ်ပုံစံရပ်ပါ။

၃။ မေးနှစ်ထပ်ပြဿနာ ဖြေရှင်းဖို့အတွက် ခေါင်းမငုံ့ထားပါနဲ့

ညာဘက်ကပုံလိုများ ခေါင်းလေးကို ခပ်ဆတ်ဆတ်လေးမော့ထားပါ။

၄။ တင်ပါးကိတ်ပြီး ခါးသေးတဲ့ပုံပေါ်ဖို့အတွက်

တင်ပါးလေးကို မသိမသာနောက်ပစ်ထားပြီး ခါးထောက်လိုက်ပါ။ တင်ပါးနောက်ပစ်ထားတော့ ခါးက အလိုလိုကော့သွားပါလိမ့်မယ်။

၅။ ခါးကအဆီတွေကို ဖုံးကွယ်ထားပါ

၆။ ကင်မရာရှေ့မှာထိုင်ပြီး ဓာတ်ပုံရိုက်တဲ့အခါ

ခန္ဓာကိုယ်လေးကို တည့်တည့်မထိုင်ဘဲ အနည်းငယ်စောင်းထားပေးလိုက်ပါ။

၇။ နောက်တစ်နည်းကတော့ ခါးမတ်မတ်ထိုင်ပြီး ပုခုံးကိုလည်း ဖြန့်ထားပေးလိုက်ပါ။

၈။ ခန္ဓာကိုယ်ကို အရှေ့နည်းနည်းတိုးပါ

Portrait ဓာတ်ပုံတွေ ရိုက်တဲ့အခါ ကျောမှီထားတဲ့ပုံစံကို ရှောင်ကြည်ပေးပါ။ ခေါင်းကို နည်းနည်းစောင်းပြီး ခန္ဓာကိုယ်လေးကို ကင်မရာဘက် အနည်းငယ်ရှေ့တိုးလိုက်ပါ။ ဘယ်ဘက်ကအနေအထားအမှားကို ကြည့်လိုက်ရင် မေးစေ့နှစ်ထပ်ပေါ်နေပြီး လည်ပင်းတိုနေတဲ့ပုံပေါက်နေတာကို တွေ့ရမှာပါ။

၉။ ခန္ဓာကိုယ်အလေးချိန်ကို တစ်ဖက်ကို စောင်းထားပါ

၁၀။ ခန္ဓာကိုယ်အနောက်ပိုင်းကနေ ဓာတ်ပုံရိုက်တဲ့အခါ

၁၁။ ခြေထောက်ချိတ်ထားတဲ့အနေအထားနဲ့ မတ်တပ်ရပ်ပေးပါ

စာဖတ်သူတွေလည်း အခုဖော်ပြပေးသွားတဲ့ ပို့စ်ပေးနည်းလေးတွေကို အလွတ်ရအောင် ကျင့်ထားလိုက်ကြဦးနော်။

Source: Brightside.me