သဘာဝအတိုင်း မိတ်ကပ်မလိမ်းထားဘဲနဲ့တောင် ဆွဲဆောင်မှုအပြည့်ရှိနေစေဖို့အတွက် လိုက်နာရမယ့် နည်းလမ်းလေးတွေကို မျှဝေပေးလိုက်ပါတယ်နော်။

၁။ မျက်ခုံးမွှေးကို ဂရုစိုက်ပါ။

မိတ်ကပ်မလိမ်းဘဲ လှနေစေဖို့ မျက်လုံးမွှေးကို ဂရုစိုက်ဖို့လိုပါတယ်။ မျက်ခုံးမွှေးကို ပုံစံဖော်ပြီးရိတ်ပေးထားတာမျိုး လုပ်သင့်ပါတယ်။ ကိုယ်က မျက်ခုံးမွှေးထူထူမရှိဘူးဆိုရင်လည်း မျက်ခုံးမွှေးကို ဆွဲပေးနိုင်ပါတယ်။ ကိုယ့်ဆံပင်အရောင်နဲ့ လိုက်ဖက်တဲ့ မျက်ခုံးမွှေးအရောင်ကို ရွေးချယ်ပါ။ မျက်ခုံးမွှေးပါ။ရင် မျက်ခုံးမွှေးမှာ ဗီတာမင် A အဆီ နဲ့ ကြက်ဆူဆီ နေ့တိုင်းလိမ်းပေးပြီးအိပ်ပါ။

၂။ မျက်လုံး

မိတ်ကပ်ထူထူလိမ်းစရာမလိုဘဲ မျက်လုံးကို ဝိုင်းဝိုင်း ကျယ်ကျယ်လေးဖြစ်စေဖို့အတွက် မျက်တောင်မွှေးကို ကော့ပေးဖို့လိုပါတယ်။ မျက်ကွင်းမညိုစေဖို့လည်း အစားသောက်ဆင်ခြင်ပါ။ မျက်ကွင်းညိုတာဟာ အနီရောင်အသား အသည်း အမြစ်တွေ စတဲ့အစားအစာတွေ မစားပေးတာကြောင့် သံဓါတ်ချို့တည့်တာကြောင့်လည်းဖြစ်နိုင်ပါတယ်။ မျက်ကွင်းညိုတာသက်သာစေဖို့အတွက်ခရင်မ်တစ်မျိုးမျိုး လိမ်းပေးပါ။ Green Tea ကို ရေနွေးနဲ့ စိမ်ပေးထားပြီးရင် ပြန်ထုတ်ပြီးပေးကာ မျက်ကွင်းပေါ် အုပ်ထားပေးလိုက်ပါ။

၃။ သွားလေးတွေ ဖြူဝင်းနေစေဖို့

သွားလေးတွေဖြူဝင်းနေစေဖို့ကလည်း သိပ်ကိုအရေးကြီးပါတယ်။ ကော်ဖီ (သို့) ဝိုင်သောက်ပြီးတိုင်းသွားတိုက်ပါ။ ညအိပ်ယာမဝင်ခင် သွားတိုက်ပါ။

၄။ နှုတ်ခမ်းသားလေးကိုလည်း ဂရုစိုက်ပါ။

နှုတ်ခမ်းသားလေး နူးညံ့ နေစေဖို့အတွက် သံလွင်ဆီ (သို့) တခြားသဘာဝအဆီတစ်မျိုးမျိုး လိမ်းပေးပြီး အိပ်ယာဝင်ပါ။ တစ်ပတ်ကိုတစ်ခါ သွားတိုက်တံနဲ့ နှုတ်ခမ်းလေးတွေကို တိုက်ပေးပါ။ သကြားနဲ့ ပွတ်တိုက်ပေးတာမျိုး လုပ်သင့်ပါတယ်။

၅။ ဆံကေသာကို ဂရုစိုက်ပါ။

မိတ်ကပ်မပါဘဲ လှနေစေဖို့ မျက်နှာတစ်ခုတည်းမဟုတ်ပါဘူး။ ဆံကေသာကိုလည်း ဂရုစိုက်သင့်ပါတယ်။ မိန်းကလေးတွေအတွက်တော့ ဆံကေသာဟာ ဒုတိယမျက်နှာပါပဲ။ ဆံသားခြောက်သွေ့ပျက်စီးတာမျိုး မဖြစ်စေဖို့အတွက် ဆံကေသာကို ဂရုစိုက်သင့်ပါတယ်။ ဆံပင်အဖျားနှစ်ခွဖြစ်တာမျိုးအတွက် ဆံပင်အဖျားလေးတွေကိ ၃ လတစ်ခါပုံမှန်တိပေးတာ၊ ဆံပင်ကို ၁ ပတ် ၁ ခါ ၊ ၂ ပတ် ၁ ခါ ပေါင်းတင်ပေးတာမျိုး လုပ်သင့်ပါတယ်။

၆။ Lotion လိမ်းပါ။

အရေးကြောင်းတွေမဖြစ်စေဖို့နဲ့ အသားအရေမှာ အမည်းစက်တွေမဖြစ်စေဖို့ SPF ပါဝင်တဲ့ Lotion ကို ပုံမှန်လိမ်ပေးသင်ပါတယ်။ကမ်းခြေသွားမှ နွေရာသီမှမဟုတ်ပါဘူး။ မိုးတွင်းရော ဆောင်းတွင်းရော လိမ်းပေးသင့်ပါတယ်။ အဆီပြန်တတ်တဲ့အသားအရေဆိုရင်တော့ အဆီမပါတဲ့ Sunscreen (သို့) Lotion လိမ်းပေးပါ။

၇။ အသားအရေကို ဂရုစိုက်ပါ။

တစ်နေ့ကို မျက်နှာ ၂ ကြိမ် ၃ ကြိမ်ထက်ပိုပြီး မျက်နှာမသစ်သင့်ပါဘူး။ မနက်ပိုင်းတစ်ခါ သစ်မယ်။ အပြင်ကနေ ပြန်လာလို့ မိတ်ကပ်တွေကို သေချာဖျက်ပြီး မျက်နှာသေချာသစ်မယ်ဆိုရင်လုံလောက်ပါပြီ။ ပြီးရင် Moisturizer လေးလိမ်းပေးပြီး အိပ်ယာဝင်ပါ။

၈။ အိပ်ရေး၀၀ အိပ်ပါ။

အမြဲတမ်းလှနေစေဖို့အတွက်တစ်နေ့ကို ၇ နာရီအိပ်ပေးဖို့လိုပါတယ်။ ည ၁၁ နာရီမထိုးခင် အိပ်ယာဝင်ပေးသင့်ပါတယ်။ ဘာလို့လည်းဆိုတော့ ၁၂ နာရီနောက်ပိုင်းမှာ ခန္ဓာကိုယ်ကို အလှတိုးစေတဲ့ ဟော်မုန်းဓါတ်ထုတ်ပေးလို့ပါ။ ဒါ့ကြောင့် ၁၁ နာရီမထိုးခင် အိပ်ယာဝင်ပါ။

၉။ လှစေမယ့် အစားအစာတွေပဲ စားရအောင်။

လှတော့လှချင်ပါရဲ့ အဆီအစိမ့်တွေလည်းမရှောင်နိုင်။ အစပ်လည်းမရှောင်နိုင်လို့တော့မရဘူးနော်။ အသီးအရွက် များများစားပေးပါ။ အလှအပအတွက် အစားအစာကလည်း သိပ်ကိုအရေးကြီးပါတယ်။ Fatty Acid ပါတဲ့အစားအစာတွေလည်း စားပေးပါ။ နို့ထွက်အစားအစာတွေလည်းစားပေးပါ။ အဟာရ သင့်တင့် မျှတအောင်စားပါ။

၁၀။ ကိုယ်နဲ့လိုက်ဖက်တဲ့ အကျ်ီအရောင်လေးတွေ ရွေးဝတ်မယ်။

အကျ်ီ ဝတ်တဲ့အခါ ကိုယ်နဲ့ လိုက်ဖက်မယ့် အကျ်ီ အရောင်လေးတွေကို ရွေးချယ်ဝတ်ဆင်သင့်ပါတယ်။ ဒါမှ မိတ်ကပ်မပါလည်း လှနေမှာနော်။ သင့်ကိုပိုပြီး အိုသွားစေတဲ့ အကျ်ီအရောင်တွေ အရောင် မှိုင်းမှိုင်းကြီးတွေဝတ်တာက သင့်ကိုမြင်တာနဲ့ စိတ်ညည်းငွေ့သွားစေပါတယ်။ ကိုယ့်နဲ့လိုက်ဖက်ပြီး မျက်စိအေးစေတဲ့ အကျ်ီအရောင် ဝတ်ဆင်ပါနော်။