အားလုံးပဲ မင်္ဂလာပါ။ ခန္ဓာကိုယ်အချိုးအစားလှပချင်သူတွေ ကိုယ်အလေးချိန်လျော့ချချင်သူတွေအနေနဲ့ အစားအသောက် ဆင်ခြင်သင့်သလို ကျန်းမာရေးနဲ့ညီညွှတ်တဲ့အပြုအမူတွေ ပြုလုပ်ဖို့လည်း လိုအပ်ပါတယ်။

စာဖတ်သူတွေအနေနဲ့လည်း အစားလည်းလျော့ပါလျက်နဲ့ လေ့ကျင့်ခန်းလည်း ပုံမှန်ပြုလုပ်ပါလျက်နဲ့ ကိုယ်အလေးချိန်မကျသေးဘူးဆိုရင် အခုဖော်ပြသွားမယ့် အလေ့အကျင့်တွေထဲက ဘာတွေကို ကျူးလွန်မိနေလဲဆိုတာ သေချာစဉ်းစားဖို့လိုပြီနော်။

၁။ လုံလောက်သောအိပ်ချိန် မရှိခြင်း

သင်က ညဘက်မှာလုံလောက်စွာ အိပ်စက်အနားယူခြင်းမရှိတဲ့အခါ သင့်ရဲ့ခန္ဓာကိုယ်ဇီဝဖြစ်စဉ်က နှေးကွေးသွားပါလိမ့်မယ်။ ဒါ့အပြင် အိပ်ရေးမဝတဲ့အတွက်ကြောင့် လူကမလန်းဆန်းတော့ဘဲ ပင်ပန်းနွယ်နယ်ကာ လှုပ်လှုပ်ရှားရှားအလုပ်တွေ မလုပ်ချင်တော့ဘဲ ကိုယ်လက်လှုပ်ရှားမှုနည်းကာ ကိုယ်အလေးချိန်တက်လာပါတော့တယ်။ တစ်ညကို ၈ နာရီကြာ အိပ်စက်အနားယူခြင်းက အကောင်းဆုံးပါပဲ။

၂။ ညစာ အလွန်အကျွံစားခြင်း

ညဘက် တီဗွီကြည့်ရင်း ညစာစားခြင်းကလည်း သင့်ကို သင့်ရဲ့မသိစိတ်က အစားများများစားအောင် တွန်းပို့လိုက်ပါတယ်။ ညဘက်အစားအများကြီးစားတဲ့အခါ အစာချေစနစ်ကလည်း နှေးကွေးသွားပါတယ်။ ဒါ့ကြောင့် ညစာကို အလွန်အကျွံမစားဘဲ ဟင်းသီးဟင်းရွက်၊ ပရိုတိန်းဓာတ်ပါဝင်တဲ့ ပေါ့ပေါ့ပါးပါးအစားအစာကိုသာ ရွေးချယ်စားသုံးပါ။

၃။ ညစာ စားပြီးပြီးခြင်း အိပ်ရာဝင်ခြင်း

ညစာစားပြီးပြီးခြင်း အိပ်ရာဝင်ခြင်းက သင့်ခန္ဓာကိုယ်ထဲမှာ အဆီတွေ စုနေစေပြီး သင့်အစာချေစနစ်အတွက်လည်း အန္တရာယ်ဖြစ်စေပါတယ်။ အကောင်းဆုံးနည်းလမ်းကတော့ မအိပ်ခင် ၂ နာရီအလိုမှာ ညစာစားခြင်းပါပဲ။

၎။ အကြော်အလှော်များကို ညစာအဖြစ်စားခြင်း

ကြက်ကြော်၊ အာလူးကြော်စတာတွေက ကယ်လိုရီများစွာပါဝင်ပြီး သင့်ကို ကိုယ်အလေးချိန်တက်စေပါတယ်။ အထူးသဖြင့် ညစာအနေနဲ့စားရင် ပိုဆိုးတာပေါ့။ ညဘက်မှာလည်း ကောင်းကောင်းအိပ်စက်အနားယူလို့ ဘယ်ရတော့မလဲ။ ဒါ့ကြောင့် ညဘက်မှာ အဆီများတဲ့ အကြော်အလှော်တွေ စားမယ့်အစား ကင်ထားတဲ့အစားအစာ၊ ဖုတ်ထားတဲ့အစားအစာ၊ ပေါင်းထားတဲ့အစားအစာများကို စားသုံးပေးပါ။

၅။ ညစာစားတဲ့အခါ စပ်တဲ့အစားအစာများစားခြင်း

ပူပူစပ်စပ်အစားအစာများက သင့်အစာအိမ်ကို အားနည်းစေပြီး ညဘက်မှာ သင်ကောင်းကောင်းအိပ်ပျော်မှာ မဟုတ်ပါဘူး။ အပူအစပ်တွေက သင့်ရဲ့ခန္ဓာကိုယ်ဇီဝဖြစ်စဉ်ကို တိုးမြှင့်ပေးပေမယ့် ညဘက်စားတာကိုတော့ ရှောင်ကြဉ်သင့်ပါတယ်။

၆။ ညဘက်မှာ အချိုစာများစားခြင်း

ညဘက်မှာ ကိတ်မုန့်တို့ ကွတ်ကီးတို့စတဲ့ အချိုစာတွေစားမယ်ဆိုရင် ခန္ဓာကိုယ်က ကယ်လိုရီတွေကို မလောင်ကျွမ်းပေးနိုင်တော့ပါဘူး။ အဲ့ဒီအခါ ခါးနဲ့ဗိုက်မှာ အဆီတွေ စုလာပါတော့တယ်။

၇။ သရေစာမုန့်များစားခြင်း

သရေစာမုန့်များက ကယ်လိုရီများတဲအပြင် သင်ညဘက်မှာ နိုးကြားနေအောင် စွမ်းအင်တွေရရှိနေပါလိမ့်မယ်။

၈။ ညစာရှောင်ခြင်း

ညစာရှောင်ခြင်းက သင့်ကို ကိုယ်အလေးချိန်ကျစေဖို့ မကူညီပေးနိုင်ပါဘူး။ သင့်ကိုပိုမိုဆာလောင်စေပြီး အရေပြားလျော့တိလျော့ရဲဖြစ်အောင် ကြွက်သားတစ်သျှူးများဆုံးရှုံးစေပါတယ်။

၉။ အရက်နှင့် ကာဖိန်းဓာတ်များ မှီဝဲခြင်း

အရက်နှင့် ကာဖိန်းဓာတ်ပါဝင်တဲ့ ကော်ဖီတို့က ကယ်လိုရီအများအပြားပါဝင်တဲ့အပြင် သင့်ရဲ့အိပ်စက်ခြင်းကိုလည်း နှောင့်ယှက်ပါသေးတယ်။

၁၀။ အိပ်ရာမဝင်ခင် ဖုန်းနှင့် ကွန်ပျူတာသုံးခြင်း

ဖုန်းစခရင်မ်နဲ့ ကွန်ပျူတာစခရင်မ်က အလင်းရောင်က သင့်ရဲ့အိပ်စက်ခြင်းကို ထိခိုက်တဲ့အပြင် ကျန်းမာရေးကိုလည်း ဆိုးကျိုးများဖြစ်ပေါ်စေပါတယ်။ မအိပ်ခင် တစ်နာရီအလိုကတည်းက မည်သည့်လျှပ်စစ်ပစ္စည်းများမှ အသုံးမပြုပါနဲ့။ အဲ့ဒီအစား စာဖတ်ခြင်းပဲဖြစ်ဖြစ် သာယာငြိမ့်ညောင်းတဲ့ သီချင်းလေးပဲဖြစ်ဖြစ် နားထောင်လိုက်ပါ။

Source: Brightside.me