အဆီပြန်တတ်တဲ့ အသားအရေဆိုရင် ဝက်ခြံထွက်လွယ်ပါတယ်။ တခြားအသားအရေနဲ့လည်းမတူပါဘူး။ အလှကုန်ပစ္စည်းတွေကိုလည်း သေချာ ရွေးချယ်သင့်ပါတယ်။ အဆီပြန်တတ်တဲ့သူတွေ ပိုင်ဆိုင်ထားသင့်တဲ့ အလှကုန်ပစ္စည်းတွေကို မျှဝေပေးသွားမှာဖြစ်ပါတယ်။

၁။ Primer

Primer ဆိုတာကတော့ မျက်နှာမှာ အောက်ခံ ခရင်မ်တစ်မျိုးလိမ်းပြီးရင် လိမ်းရတဲ့ အရာပါ။ Primer ဟာ မိတ်ကပ် တာရှည်ခံစေမှာဖြစ်ပြီး အလွယ်တကူ မိတ်ကပ်ပျက်သွားတာမျိုးကနေ ကာကွယ်ပေးနိုင်ပါတယ်။ အသားအရေကိုလည်း ချောမွတ်စေပါတယ်။

၂။ မျက်နှာပေါင်းတင်တဲ့ Mask တွေ

အဆီပြန်တတ်တဲ့ အသားအရေအတွက် သီးသန့်ထုတ်ထားတဲ့ မျက်နှာပေါင်းတင်တဲ့ Mask လေးတွေ ဝယ်ထားသင့်ပါတယ်။ သဘာ၀ မျက်နှာပေါင်တင်တာမျိုးပဲလုပ်ချင်ရင်လည်း အသီးအနှံတွေနဲ့ လုပ်လို့ရပါတယ်။

၃။ Cleanser

မိတ်ကပ်ကို သန့်ရှင်းရေးလုပ်ပေးတဲ့ cleaner ကောင်းကောင်းတစ်ခု ဝယ်ထားသင့်ပါတယ်။ အဆီမပါတဲ့ cleaner ဝယ်ပေးပါ။ ချွေးပေါက်ပိတ်ခြင်းကနေ ကာကွယ်ပေးနိုင်ပါတယ်။

၄။ ရေဆိုခံတဲ့ Liner

ရေဆိုခံတဲ့ Liner တစ်ချောင်းလည်း ပိုင်ဆိုင်ထားသင့်ပါတယ်နော်။ အဆိုပဲဖြစ်ဖြစ် အခြောက်ပဲဖြစ်ဖြစ် အဆင်ပြေပါတယ်။

၅။ အဆီမပါတဲ့ မိတ်ကပ်

အဆီမပါတဲ့ 2 Ways (သို့) Compact Form (သို့) ပေါင်ဒါ ဘူးကိုလည်း ဝယ်ထားသင့်ပါတယ်။ သွားသွားလာလာ သယ်ရလွယ်ကူပါတယ်။ ချွေးပေါက်လည်း မပိတ်စေပါဘူး။

၆။ ဖောင်ဒေးရှင်း နဲ့ အဆီစုပ်စက္ကူ

ဖောင်ဒေးရှင်းကို ဝယ်တဲ့အခါ Oil Free (သို့) အဆီပြန်တဲ့သူတွေအတွက် ထုတ်ထားတဲ့ ဖောင်ဒေးရှင်းကို ရွေးချယ်ဝယ်ယူပါ။ နေလောင်ဒဏ်နဲ့ UV ဒဏ်ကာကွယ်ပေးတဲ့ Spf ပါတာဝယ်ပါ။ အဆီပြန်လာရင်လည်း တစ်ရှူးနဲ့ သုတ်လိုက်တာထက် အဆီစုပ်စက္ကူနဲ့ သေချာသုတ်ပေးတာက ပိုကောင်းပါတယ်။

၇။ Setting Spray ဝယ်ပါ

မိတ်ကပ်တွေ လိမ်းပြီးလို့ Setting Spray ဖြန်းလိုက်ရင် မိတ်ကပ်လည်း တစ်နေကုန်ခံပြီး လှနေစေမှာဖြစ်ပါတယ်။

၈။ ချေးချွတ်လို့ရတဲ့ပစ္စည်း

အဆီပြန်တတ်တဲ့သူတွေအနေနဲ့ တစ်ပတ်ကို ၁ ကြိမ် (သို့) ၂ ကြိမ်လောက် ချေးချွတ်သင့်ပါတယ်။ မျက်နှာပေါ်က ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး ဆားဝက်ခြံနဲ့ ချွေးပေါက်တွေကို သန့်ရှင်းရေးလုပ်ပေးနိုင်ပါတယ်။ သင်ကြိုက်နှစ်သက်တဲ့ ချေးချွတ်တဲ့ ခရင်မ် (သို့) သဘာဝပစ္စည်းလေးတွေနဲ့ ချေးချွတ်ပေးနိုင်ပါတယ်။

၉။ ရေနွေးငွေ့

ရေခွက်ထဲကို ရေနွေးထည့်ပြီး မျက်နှာနဲ့ ရေနွေးငွေ့ခံတာဟာ အဆီပြန်တဲ့သူတွေအတွက် ကောင်းမွန်ပါတယ်။ တစ်ရက်ခြားတစ်ခါ လုပ်ပေးသင့်ပါတယ်။

၁၀။ မျက်နှာသစ်ခရင်မ်

လူတိုင်းမှာတော့ မျက်နှာသစ်ခရင်မ်ရှိကြမှာပါ။ အဆီပြန်တဲ့သူတွေအနေနဲ့ အဆီပြန်တတ်တဲ့အသာအးရေအတွက် သီးသန့်ထုတ်ထားတဲ့ မျက်နှာသစ်ခရင်မ် ဝယ်သုံးပါ။ အပြင်က ပြန်လာလာချင်း ခဏနားပြီး မိတ်ကပ်ကို Cleaner နဲ့ သေချာဖျက်ကာ မျက်နှာကို ၂ ခါလောက် စင်အောင်သစ်ပေးလိုက်ပါ။ ပြီးရင် ခရင်မ်တစ်မျိုးမျိုးလိမ်းထားပေးပါ။

အဆီပြန်တတ်တဲ့သူတွေအနေနဲ့ အထူးသတိထားရမှာကတော့ ကိုယ်သုံးတဲ့ အလှကုန်ပစ္စည်းတွေမှာ အဆီမပါတာကို ဝယ်သုံးသင့်ပါတယ်။