Single ဖြစ်ရတာဘယ်လောက်ကောင်းကြောင်းကို RS တွေရဲ့ဒဏ်ခံဖူးတဲ့သူတွေကပဲ သိကြပါတယ်။ တစ်ချို့ကျတော့လည်း Single ဘဝမှာနေရတာကြာတော့ ငြီးငွေ့လာကြပါတယ်။ ရည်းစားလေးဘာလေး ထားကြည့်ရင်များကောင်းမလားဆိုပြီး မရိုးမရွဖြစ်လာတတ်ကြပါတယ်။

အဲဒီလိုအတွေးမျိုးပေါ်လာခဲ့မယ်ဆို စိတ်မြန်လက်မြန်နဲ့ အရွေးမမှားကြစေဖို့ရာ Single ဘဝကြီးကဘယ်လောက်ပျော်စရာကောင်းတယ်ဆိုတာကို အလင်းပြပေးနိုင်မယ့် Single ချောချောလေးတို့အတွက် ရုပ်ရှင်ကားကောင်း (၁၀) ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။

၁။ 500 Days of Summer (2009)

Source: Film school rejects

အစပိုင်းတော့ စာရေးသူလည်း Tom ရဲ့အဖြစ်ကို အရမ်းသနားခဲ့ပါတယ်။ နောက်ပိုင်းမှ ကိုယ်ကိုယ်တိုင်လည်း Summer ဖြစ်ခဲ့ဖူးမှန်းသိရတာပါ။ ကျွန်မတို့တွေဟာ ကိုယ့်ကိုပျော်ရွှင်မှုမပေးနိုင်တဲ့သူတစ်ယောက်နဲ့ တစ်သက်လုံးအတူရှိနေဖို့ရာ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ နောက်ပြီး ချစ်တာနဲ့ အရူးအမူးချစ်တာနဲ့ကလည်း မတူပါဘူး။

၂။ How To Be Single (2016)

Source: maryville.edu

ဘယ်လောက်ပဲ ဘဝမှာအခက်အခဲတွေနဲ့ ကြုံခဲ့ရ၊ ကြုံခဲ့ရ၊ ဘယ်လိုဆိုးရွားလွန်းတဲ့ Relationship ထဲပဲ ရောက်ခဲ့ရ၊ ရောက်ခဲ့ရ။ Single ဖြစ်နေတာလေးကိုက ဘဝကပေးတဲ့ ဆုလာဘ်တစ်ခုဖြစ်နေသေးကြောင်းကို How to be Single ကသင်ပြပေးသွားပါလိမ့်မယ်။

၃။ Gone Girl (2014)


Source: Pinterest

လူတစ်ယောက်ကို ရူးခါနေအောင်ချစ်မိနေလည်း အဲဒီလူအပေါ်မီခိုပြီး ပျော်ရွှင်မှုကိုရှာဖွေနေတာကတော့ မှန်ကန်တဲ့နည်းလမ်းမဟုတ်ကြောင်းကို Amy ကအလင်းပြသွားပေးပါလိမ့်မယ်။

၎။ Forgetting Sarah Marshall (2008)

Source: HeadStuff

စာရေးသူအသည်းကွဲတုန်း ရယ်အောင်လုပ်ပေးနိုင်ခဲ့တဲ့ တစ်ခုတည်းသောအရာကိုပြပါဆိုရင်တော့ ဒီ Forgetting Sarah Marshall ကိုပြရမှာပါပဲ။ အဓိကဇာတ်ဆောင်ရဲ့နေရာမှာလည်း ထပ်တူခံစားကြည့်လို့ရခဲ့ပါတယ်။ နောက်ပြီး ကိုယ့်ဘဝနဲ့ကိုယ်ပြန်နေဖို့နဲ့ ကိုယ့်နေရာကိုယ်ပြန်ပိုင်ဆိုင်ရဖို့က ခက်ခဲပေမဲ့မဖြစ်နိုင်တဲ့အရာမဟုတ်ဘူးဆိုတာကိုလည်း သိရှိခဲ့ရပါသေးတယ်။

၅။ Love Actually (2003)

Source: Christmas FM

တစ်ချို့အချစ်ဇာတ်လမ်းတွေရဲ့ ဇာတ်သိမ်းခန်းက အရမ်းလှပါတယ်။ တစ်ချို့တွေကျတော့လည်း အဆုံးသတ်မကောင်းကြဘူးပေါ့။ တစ်ချို့တွေကျပြန်တော့လည်း အချစ်ကို မတူညီတဲ့နည်းလမ်းတစ်မျိုးနဲ့ တွေ့ရှိသွားကြပြန်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် Love Actually ကသင့်အတွက် အချစ်ကိုရှူထောင့်အမျိုးမျိုးကနေ နားလည်လာစေနိုင်ပြီး ရုပ်ရှင်ရဲ့ Sense တိုင်းက အားရကျေနပ်မှုအပြည့်ပေးနိုင်လိမ့်မယ်လို့ ကျွန်မကတော့ ယုံကြည်ပါတယ်။

၆။ Legally Blonde (2001)

Source: PopCrush

Ella တစ်ယောက် Single ဖြစ်နေလည်း ကိုယ့်ကိုယ်ကိုယ်ဘယ်လိုချစ်ရမယ်ဆိုတာနဲ့ ကိုယ့်ရဲ့တန်ဖိုးကိုဘယ်လိုမြှင့်တင်ရမယ်ဆိုတာ ကောင်းကောင်းနားလည်ခဲ့ပါတယ်။ ကိုယ့်ကိုယ်ကိုယ်ချစ်ရမှန်းသိပြီးတဲ့နောက်မှာတော့ အလုပ်နဲ့ သူငယ်ချင်းအပြင် ယောကျာ်းကောင်းတစ်ယောက်ကိုပါ Ella လိုချင်ခဲ့သမျှပိုင်ဆိုင်ခွင့်ရသွားခဲ့ပါတယ်။

၇။ Under the Tuscan Sun (2003)

Source: justwatch.com

Single ဘဝက အခွင့်အရေးတွေဘယ်လောက်များပြားကြောင်းကို Under the Tuscan Sun ကပြောပြပါလိမ့်မယ်။ စွန့်လွှတ်ရခက်တဲ့ Relationship အတွက်နည်းနည်းခက်ခဲနေပေမဲ့ပေါ့လေ …

၈။ Eternal Sunshine of the Spotless Mind (2004)

Source: boredpanda.com

တစ်စုံတစ်ယောက်နဲ့ အချိန်တွေအကြာကြီးအတူရှိခဲ့ပြီးမှ ရုတ်တရတ်ကိုယ့်နားက ထွက်ခွာသွားတဲ့ခံစားချက်က တော်တော်ကိုဆိုးရွားပါတယ်။ အဲဒီလူနဲ့အတူတူရှိခဲ့ဖူးတဲ့ မှတ်ဥာဏ်တွေကို ရုတ်တရတ်ကြီး အားလုံးမေ့ပစ်လိုက်ရအောင်ဆိုတာကလည်း ကိုယ်ကရူးနေတဲ့သူမဟုတ်တော့ ပိုခက်ခဲပါတယ်။

၉။ Eat pray love (2010)

Source: Tours4fun

ကိုယ်ဘာလိုချင်ခဲ့လည်း မသိခဲ့တာကလည်း သိပ်ကြီးမားလွန်းတဲ့အမှာမဟုတ်ကြောင်းနဲ့ အဆင်ပြေကြောင်းကို Eat Pray Love ကနေပြီးသိရှိခဲ့ရပါတယ်။ စာရေးသူအသည်းကွဲတုန်းက အထောက်အပံ့ဖြစ်ခဲ့တဲ့ရုပ်ရှင်ကားတွေထဲမှာ Eat Pray Love ကလည်းထိပ်ဆုံးကပါပါတယ်။

၁၀။ The Princess Diaries 2: Royal Engagement (2004)

Source: New On Netflix USA

တကယ်ဆို ကိုယ့်အတွက်အရေးပါတယ်လို့ထင်ထားတဲ့သူတစ်ယောက်မရှိလည်း အမျိုးသမီးတွေက သန်မာနိုင်ကြပါတယ်။ ပြီးပြည့်စုံတဲ့ယောကျာ်းတစ်ယောက်ကိုရှာဖွေဖို့နဲ့ Relationship တစ်ခုကိုဟန်ချက်ညီအောင် ထိန်းသိမ်းရတာလွယ်ကူတဲ့အရာမဟုတ်မှန်း ဒီရုပ်ရှင်လေးကနေပြီး သိနိုင်ပါတယ်။