မနက်အိပ်ရာထတဲ့အခါ အကြောလျော့ပေးခြင်းက သင့်ခန္ဓာကိုယ်ကြွက်သားများနဲ့ တင်းမာနေတဲ့ အကြောအချဉ်များကို ပြေလျော့စေပါတယ်။ သွေးလှည့်ပတ်မှုကိုလည်း ကူညီထောက်ပံ့ပေးပြီး စွမ်းအင်ပြည့်ဝစေပါတယ်။

လေ့ကျင့်ခန်းပြုလုပ်ဖို့ အချိန်အများကြီးပေးစရာမလိုဘဲ ၁၀ မိနစ် ၁၅ မိနစ်ခန့်ပြုလုပ်ပေးမယ်ဆိုရင် တစ်နေ့တာလုံးပေါ့ပါးလန်းဆန်းနေမှာ အမှန်ပါပဲ။

လေ့ကျင့်ခန်း ၁

ဘယ်ဘက်လက်မောင်းကို ခေါင်းပေါ်မှာ မြှောက်ထားပြီး ညာလက်တံတောင်ဆစ်ကို ဆွဲထားပါ။ ညာဘက်လက်ဖဝါးက ပုခုံးအနောက်မှာ ထားပေးရပါမယ်။ နောက်တစ်ခါ ဘယ်လက်နဲ့ ညာလက်ပြောင်းပြီး အကြောလျော့ပေးပါ။

လေ့ကျင့်ခန်း ၂

ဘယ်လက်ကို ရင်ဘတ်အရှေ့မှာ ဆန့်ထုတ်ပြီး ညာလက်ကောက်ဝတ်နဲ့ မိမိဘက်ဆီ ဆွဲယူလိုက်ပါ။ အသက်ပြင်းပြင်းလေး ၂ ကြိမ် ၃ ကြိမ်ခန့် ရှုပြီးသွားရင်တော့ ဘက်ပြောင်းပြီး အကြောဆန့်လိုက်ပါ။

လေ့ကျင့်ခန်း ၃

ပုခုံးနဲ့ ခါးကို မတ်မတ်ထားပါ။ ဦးခေါင်းကို ဘယ်ဘက်စောင်းမယ်၊ ပြီးရင် အနောက်၊ အရှေ့၊ ပြီးရင် ညာဘက်ပြန်စောင်းပေးပါ။ ဖြည်းဖြည်းမှန်မှန်ပဲ ပြုလုပ်ပေးရပါမယ်။ မြန်မြန်ပြုလုပ်ရင် ခေါင်းမူးတတ်လို့ပါ။

လေ့ကျင့်ခန်း ၎

အိပ်ရာပေါ်မှာ ထိုင်လျက်သားပဲဖြစ်ဖြစ်၊ ပုခုံးအကျယ်အတိုင်း ခြေထောက်နှစ်ဖက်ကို ချဲထားပြီး မတ်တပ်ရပ်ရင်ပဲဖြစ်ဖြစ် မိမိစိတ်ကြိုက်နေပါ။ လက်နှစ်ဖက်ကို ခန္ဓာကိုယ်အရှေ့ဘက်သို့ တစ်ဖြောင့်တည်းဖြစ်အောင် ဆန့်တန်းပါ။ အဲ့ဒီအချိန်မှာ ပုခုံးကို စက်ဝိုင်းပုံသဏ္ဍာန်လှည့်ပတ်ပေးလိုက်ပါ။

လေ့ကျင့်ခန်း ၅

ကြမ်းပြင်ပေါ် (သို့) အိပ်ရာပေါ် ထိုင်နေတဲ့အချိန်မှာ ဘယ်ခြေကို ဆန့်တန်းထားပြီး ညာခြေကို ပုံပါအတိုင်း ဘယ်ခြေအပေါ်သို့ ယှက်ထားပါ။ အဲ့ဒီနောက်မှာ ရင်ဘတ်ကို ခန္ဓာကိုယ် ဘယ်ဘက်အခြမ်းဆီလှည့်လိုက်ပါ။ အသက်ပြင်းပြင်း ၅ ခေါက် ၆ ခေါက်ခန့် ရှုပြီးတဲ့အခါမှာ အခြားတစ်ဖက်သို့ပြောင်းလိုက်ပါ။

လေ့ကျင့်ခန်း ၆

ခြေထောက်နှစ်ဖက်ကို ပုံပါအတိုင်း ခပ်ကျယ်ကျယ်လေး ချဲထားပါ။ ညာဘက်လက်ကို ခေါင်းပေါ်ကျော်ချလိုက်ပြီး ခန္ဓာကိုယ်ကို ဘေးဘက်ကိုင်းချလိုက်ပါ (ခန္ဓာကိုယ် အရှေ့ဘက် မကိုင်းသွားဖို့ ဂရုစိုက်ပေးပါ) အသက်ပြင်းပြင်း ၅ ခေါက် ၆ ခေါက်ခန့် ရှုပြီးသွားတဲ့အခါမှာတော့ အခြားတစ်ဖက်သို့ ပြန်စောင်းပေးလိုက်ပါ။

လေ့ကျင့်ခန်း ၇

ဒီလေ့ကျင့်ခန်း ပြုလုပ်တဲ့အခါ ခန္ဓာကိုယ်ဟန်ချက်မထိန်းထားနိုင်ဘူးဆိုရင် ခုံ (သို့) နံရံကို ကိုင်ထားလို့ ရပါတယ်။ ဘယ်ဘက်ဒူးခေါင်းကို ပျော့ပျော့ပျောင်းပျောင်းပဲထားပါ။ ညာဒူးကို အနောက်သို့ ကွေးလိုက်ပြီး ခြေကျင်းဝတ် (သို့) ခြေထောက်ကို ကိုင်ထားလိုက်ပါ။ ပုခုံးနဲ့ ခါးက အရှေ့အနောက်နဲ့ ဘေးဘက်တွေကို မယိုင်စေဘဲ တစ်ဖြောင့်တည်းဖြစ်နေဖို့ ဂရုစိုက်ပေးပါ။ အသက်ပြင်းပြင်း ၅ ခေါက် ၆ ခေါက်ခန့် ရှုပြီးတဲ့အခါ အခြားခြေထောက်ပြောင်းလိုက်ပါ။

Source: Brightside.me