မိန်းကလေးတွေက ကိုရီးယားကားကြည့်တဲ့အခါ ဇာတ်လမ်းကိုပဲ အာရုံထားကြတာမဟုတ်ပါဘူး။ ဘယ်ကိုရီးယားမင်းသမီးက ဘယ်လိုအသားအရေ လှတာ၊ ဘယ်လိုဖက်ရှင်ကျတာ၊ ဘယ်သူကတော့ ဘယ်လို ဂါဝန်လေး ဝတ်လိုက်ပြန်ပြီ ဘယ်လိုအိတ်လေးလွယ်လိုက်ပြန်ပြီ စတဲ့ ဖက်ရှင်လေးတွေကိုပါ လေ့လာကြည့်ရှုနေကြတာပါ။ တစ်နည်းပြောရရင်တော့ အနုပညာရှင်တွေက လူတွေစံနမူနာထားလို့ရတဲ့ ဖက်ရှင်ဂုရုတွေပဲဖြစ်ပါတယ်။

ပျိုမေတိုင်း အားကျလောက်တဲ့ ခန္ဓာကိုယ်ပိုင်ရှင် Gigi Hadid ကလည်း ကမ္ဘာကျော်စူပါမော်ဒယ်လည်းဖြစ်သလို ကိုယ်ပိုင်ဖက်ရှင်စတိုင်လ်ကို တီထွင်ဝတ်ဆင်တတ်သူ၊ ဖက်ရှင်ရေစီးကြောင်းမှာ စံနမူနာထားအပ်တဲ့ ဖက်ရှင် Icon ပဲဖြစ်ပါတယ်။

ဒီတစ်ခါမှာတော့ သူမ ဝတ်ဆင်လိုက်လို့ နာမည်ကြီးလာတဲ့ ဖက်ရှင်စတိုင် (၁၀) မျိုးကို ဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်။

၁။ ဖန်စီ ကျောပိုးအိတ်ဝိုင်း

ကျော်ပိုးအိတ်ဆိုပေမယ့် ပစ္စည်းတွေစုံပလုံနေအောင် ထည့်လို့ရတဲ့ ကျောပိုးအိတ်မဟုတ်ဘဲ ဖုန်း၊ မိတ်ကပ်ပစ္စည်း၊ ပိုက်ဆံအိတ်စတဲ့ ပေါ့ပေါ့ပါးပါး ပစ္စည်းလေးတွေ ထည့်လို့ရတဲ့ ကျောပိုးအိတ်အဝိုင်းသေးသေးလေးပဲဖြစ်ပါတယ်။ ဘောင်းဘီနဲ့လည်း လိုက်ဖက်သလို ဂါဝန်နဲ့လည်း လိုက်ဖက်ကြောင်း ကို Gigi က သက်သေပြသွားတာပါပဲ။

၂။ လည်ရှည်ဘွတ်ဖိနပ်

သူမ မဝတ်ခင် အချိန်အထိတော့ လည်ရှည်ဘွတ်ဖိနပ်တွေက ဒိတ်အောက်တဲ့ဖက်ရှင်လို့ ပြောလို့ရပါတယ်။ ဒါပေမဲ့ သူမ ပြန်လည်အသက်သွင်းပြီး ဝတ်ဆင်လိုက်တဲ့အခါမှာတော့ အမျိုးသမီးတွေကြား ပြန်လည်ရေပန်းစားလာတဲ့ ဖိနပ်ပဲဖြစ်ပါတယ်။

၃။ ဆောင်းတွင်းဝတ် အဖြူရောင် ကုတ်အင်္ကျီ

ကုတ်အင်္ကျီက အရှည်ဘယ်လောက်ရှိမှ အတိုဘယ်လောက်ရှိမှဆိုပြီး အဝတ်အစားချေးများတတ်တဲ့သူတော့မဟုတ်ပါဘူး။ အင်္ကျီက ရှည်လွန်းလို့ မြေကြီးပေါ်မှာ တရွတ်တိုက်နေရင်လည်း ဘယ်သူ့မှ မမှုဘဲ ကိုယ် ဝတ်ဆင်ထားတဲ့ ဖက်ရှင်အပေါ် ယုံကြည်ချက်အပြည့်ရှိတဲ့ Gigi ပါပဲ။

၄။ အမဲရောင် Denim ဂျက်ကတ်

Denim ဂျက်ကတ် အပြာရောင်ကတော့ လူတိုင်းနီးပါးဆီမှာရှိတဲ့ ဂျက်ကတ်တစ်မျိုးပဲဖြစ်ပါတယ်။ ဒါပေမဲ့ Gigi ကတော့ ဂျက်ပတ်အမဲရောင်က ဒိတ်မအောက်သေးပါဘူးဆိုတာကို သူမက ဝတ်ဆင်ပြလိုက်ပါတော့တယ်။

၅။ လိပ်လည်ပင်း ဆွယ်တာအင်္ကျီ

လည်ပင်းရှည်တဲ့ပျိုမေလေးတွေအဖို့ လိပ်လည်ပင်းပုံစံ အင်္ကျီလေးတွေက စတိုင်လ်ကျစေဖို့ ကူညီပေးနိုင်ပါတယ်။

၆။ Bomber ဂျက်ကတ်

ဝတ်ဆင်ရတာ ပေါ့ပေါ့ပါးပါးနဲ့ လွတ်လွတ်လပ်လပ်ရှိပြီး မိန်းကလေး အရမ်းမဆန်ချင်တဲ့ ပျိုမေလေးတွေ အကြိုက်တွေ့စေမယ့် ဖက်ရှင်တစ်မျိုးပါ။

၇။ ဘဲလေး ရှုးဖိနပ်

ချစ်စရာကောင်းတဲ့ ဘဲလေးရှုးဖိနပ်ကလည်း ပျိုမေတိုင်းနဲ့ လိုက်ဖက်ပြီး ချစ်စရာကောင်းသွားစေမယ့် ဖိနပ်အမျိုးအစားပဲဖြစ်ပါတယ်။

၈။ Slip Dress

ဒီဂါဝန်အမျိုးအစားကတော့ ၉၀ ပြည့်နှစ်တွေမှ ခေတ်စားခဲ့တဲ့ ဂါဝန်ဖက်ရှင်ပါ။ အဲ့ဒီဂါဝန် ရေပန်းစား လူကြိုက်များနေချိန်မှာ Gigi က ကလေးလေးပဲ ရှိပါဦးမယ်။ သူမ ပြန်ဝတ်ဆင်လိုက်တော့လည်း ချစ်စရာလည်း ကောင်းသလို၊ ရိုးရှင်းပြီး ကျက်သရေလည်းရှိ၊ ဆွဲဆောင်မှုလည်း မြင့်မားစေတဲ့ ဂါဝန်အမျိုးအစားပါပဲ။

၉။ ၉၀ ပြည့်နှစ်တွေမှာ ခေတ်စားခဲ့တဲ့ ဖက်ရှင်တစ်မျိုး

Crop Top တွေမှာ အခုမှ ခေတ်စားခဲ့တာ မဟုတ်ပါဘူး။ ၉၀ ပြည့်နှစ်တွေထဲက ခေတ်စားခဲ့တဲ့ ဖက်ရှင်တစ်မျိုးပါ။ သူမ ပြန်ဝတ်လိုက်တဲ့နောက်ပိုင်းမှ တစ်ဖန်ပြန်လည် ရေပန်းစားလာခဲ့တာပါ။ ဗိုက်အဆီမရှိတဲ့သူမအတွက်ကတော့ ခါးတို Crop Top လေးနဲ့ အင်မတန်လိုက်ဖက်လှပါတယ်။

၁၀။ ရေပုံးပုံစံ ဘေးလွယ်အိတ်

ပျိုမေတို့ အခုလွယ်နေတဲ့ ရေပုံးပုံစံ ဘေးလွယ်အိတ်လေးကို စတင်လွယ်ခဲ့တဲ့သူကတော့ ဖက်ရှင်ဂုရု Gigi ပဲဖြစ်ပါတယ်။

Source: herbeauty.co