မိန်းကလေးတိုင်း ခန္ဓာကိုယ်အချိုးအစား လှပချင်ကြပါတယ်။ ခန္ဓာကိုယ်အချိုးအစားလို့ဆိုရာမှာ တင်ကလည်း တစ်ခုအပါအဝင်ပါပဲ။ သင့်ရဲ့ တင်သားကို ကျစ်လှစ်လှပစေမယ့် နည်းလမ်းကောင်းကို မျှဝေပေးချင်ပါတယ်။

၁။ V-Leg Lifts

အရင်ဆုံး လေးဖက်ထောက်ပါ။ ပြီးရင် လေ့ကျင့်ခန်းလုပ်တဲ့ ဘောလုံးကို တင်နဲ့ ဗိုက်ကြားမှာ ထားထားပါ။ ခြေထောက်ကို မြေကြီးနဲ့မထိဘဲ လေပေါ်မှာ နည်းနည်းမြောက်ပေးထားပါ။ ပြီးရင် ခြေထောက်နှစ်ဖက်ကို အခုပုံမှာပြထားသလိုပဲအပေါ်ကို မြောက်ပြီးမလိုက်ပါ။ မတဲ့အခါ တင်ကိုအာရုံစိုက်ပါ။ ပြီးရင် နဂိုအတိုင်းပြန်ထားပါ။ အကြိမ် ၂၀ လုပ်ပေးရမှာဖြစ်ပြီး ၃ ကြော့လုပ်ပေးပါ။

၂။ Frog Leg Lifts

ဖားပုံစံလိုမျိုး ခြေထောက်ကို မတင်ပေးရမှာပါ။ ဘောလုံးရှိရင်လည်း ဘောလုံးကို အခုပုံမှာပြထားတဲ့အတိုင်း ခုထားပြီးလုပ်ပေးနိုင်ပါတယ်။ ဘောလုံးမရှိရင် အလွတ်တမ်းမပေးလို့ရပါတယ်။ ခြေဖဝါးနှစ်ဖက်ကို စုပြီး အပေါ်ကို မတင်ပေးရမှာပါ။ အကြိမ် ၂၀ ကို ၃ ကြော့လုပ်ပေးပါ။

၃။ Incline Plank Leg Lift

အရင်ဆုံး Plank ထောက်တဲ့အနေအထားအတိုင်း မှောက်လျက်နေပေးပါ။ လက်တဒေါင်ကို ကြမ်းပြင်နဲ့ထောက်ပါ။ ပြီးရင် ခြေထောက်ကို အနောက်ဖက်ကို တစ်ဖက်ချင်း မတင်ပေးပါ။ ဘယ်ညာကိုမှ ၁ ကြိမ်လို့မှတ်ပါ။ ၁၀ ကြိမ် ၃ ကြော့လုပ်ပေးရမှာပါ။

၄။ Reverse Lunge On Swiss Ball

အရင်ဆုံး လေ့ကျင့်ခန်းလုပ်တဲ့ ဘောလုံးပေါ်မှာ ခြေထောက်တစ်ဖက်ကို နောက်ပြန်တင်ထားပေးပါ။ ပြီးရင် အခုပုံမှာပြထားသလို ကျန်ခြေထောက်ကို အရှေ့ဖက်လှမ်းလိုက်ပြီး ဒူးကွေးပေးပါ။ ဘောလုံးပေါ်တင်ထားတဲ့ခြေထောက်ကို တန်းတန်းဆန့်ပေးပါ။ တစ်ဖက်ကို ၁၀ ကြိမ်ဆီ ၃ ကြော့လုပ်ပေးရမှာပါ။

၅။ Bridge Hip Lifts

လေ့ကျင့်ခန်းလုပ်တဲ့ ဘောလုံးပါပါ၊ မပါပါ လုပ်လို့ရပါတယ်နော်။ ခြေထောက်နှစ်ဖက်ကို ဒူးကွေးပြီး ထောက်ထားကာ တင်ကိုအပေါ်မြောက်ပေးရမှာပါ။ အဲဒီလိုလုပ်တဲ့အခါ တင်ကိုအာရုံစိုက်ပေးထားပါ။ ၂၀ ကြိမ် ၃ ကြော့ဖြစ်ပါတယ်။

၆။ Superman Post

အရင်ဆုံးခန္ဓာကိုယ်ကို မှောက်လျက်နေပြီး လက်နှစ်ဖက်ကို အပေါ်တန်းတန်းဆန့်ပါ။ ပြီးရင် ဘယ်ခြေထောက်နဲ့ ညာလက်ကို အပေါ်မြောက်ပေးပါ။ နောက်တခါ ညာခြေထောက်နဲ့ ဘယ်လက်မြောက်ပေးပါ။ ပြီးရင် နှစ်ဖက်လုံး တပြိုင်တည်းမြောက်ပါ။ အဲဒီလို ၃ ခါပြည့်မှ ၁ ကြိမ်လို့မှတ်ပါ။ ၁၀ ကြိမ် ၂ ကြော့လုပ်ပေးရပါမယ်။